"သွေးရဲ..နင်ထတော့..အိပ်ပဲအိပ်မနေနဲ့..နင်ဦးလေးကြီးကိုအရက်ပုလင်းတစ်ဘူးသွားဝယ်ပေးလိုက်ဦး.."
"အမေကလည်း..သားခုမှအိပ်ရာနိုးခါစလေ.."
စောက်ကြောမရှည်နဲ့..သွားဝယ်ဆိုသွားဝယ်ပေးလိုက်"
"ဟုတ်..အမေ"
ကျွန်တော်မျက်နှာတောင်အရင်မသစ်ရသေးဘဲဦးလေးကြီးကိုအရက်ပုလင်းတစ်ဘူးသွားဝယ်ပေးခဲ့ရသည်။ဦးလေးကြီးကနေ့တိုင်းအရက်သောက်နေတာကျွန်တော်လုံးဝမကြိုက်ပါဘူး။ကျွန်တော်ကဦးလေးကြီးကိုအရက်သောက်ရင်မကောင်းပါဘူးလို့ပြောပြန်လျှင်လည်းမင်းကဆရာကြီးလားလို့ပြောခံထိဦးမှ။ကျွန်တော်အရက်ဆိုင်သို့သွားပြီးဦးလေးကြီးအတွက်အရက်သွားဝယ်ပေးခဲ့ရသည်။
"ဦးလေးကြီး..ရော..ကျွန်တော်အရက်ဝယ်လာခဲ့ပြီ"
"တော်တယ်ငါတူ..အရက်နဲ့အမြည်းနဲ့စွဲလိုက်လျှင်ဘယ်လောက်ကောင်းလိုက်မလဲ"
ကျွန်တော်ခေါင်းညိမ့်ပြီးဦးလေးကြီးဆီမှပြန်ထွက်လာခဲ့သည်။အချိန်ကလည်း၇နာရီ၃၀ရှိသည်မို့ကျောင်းသွားဖို့လည်းပြင်ဆင်ရဦးမှ။အဝတ်ဗီရိုထဲတွင်ရှိသောကျောင်းအင်္ကျီနှင့်လုံချည်ကိုကောက်ယူလိုက်သည်။ပြီးနောက်ညီညာစွာကြွေပူတိုက်၍ကျောင်းအဝတ်အစုံများကိုသေချာစွာဝင်ဆင်လိုက်သည်။မှန်ထဲတွင်မြင်နေရသောကျွန်တော်၏ပုံရိပ်သည်တစ်မျိုးကြည့်ကောင်းနေပေသည်။အမေထားပေးခဲ့သောထမင်းဂျိုင့်ကိုယူ၍ကျောင်းသို့သွားရန်အိမ်ကထွက်လာခဲ့လိုက်သည်။
ကျွတ်..ကျွတ်..
ဗြုန်းကနဲလဲကျသွားသောစက်ဘီးတစ်စီးကြောင့်ကျွန်တော်ရင်တထိတ်ထိတ်ဖြစ်သွားခဲ့ရသည်။ကံကောင်းလို့တော်သေးကျွန်တော်အားမတိုက်မိလို့။လဲကျနေသောသူအားကူညီဖို့လုပ်တုန်း။ကျွန်တော်ဘက်လှည့်လာသောမျက်နှာကိုမြင်ခါမှကျွန်တော်အံသြ သွားခဲ့သည်။ကျွန်တော်နံဘေးတွင်ထိုင်သောကောင်လေးကကပျာကယာကြီးကျွန်တော်အိမ်နားဘာလာလုပ်တာတုံး။သူကိုကျွန်တော်အိမ်ပြောပြမိတာမှားပါတယ်။"ဟေ့ကောင်..သွေးရဲ..ငါမင်းကိုလာခေါ်တာ..တော်သေးလို့မင်းကိုမတိုက်မိလို့"
YOU ARE READING
ကျွန်တော်၏ကောင်ဆိုးလေး(season1)
Romance"ကောင်းကင်လရောင်"ဆိုသောကောင်ဆိုးလေးဟာ ကျွန်တော်ရဲ့ဘဝအစိတ်အပိုင်းတစ်ခုပါပဲ... #သွေးရဲ