Part 6

59 6 0
                                    

"သွေးရဲ"

"ဘာလဲ.."

ကျုပ်ခင်ဗျားကိုဒီခေါ်လာတာသဘောရောကျရဲ့လား.."

ရေတံခွန်၏အလှတွင်ကျွန်တော်နစ်မြုပ်သွားသလိုခံစားချက်နှင့်ကျွန်တော်ကိုသိတ်ချမ်းသာရာပျော်ရွှင်မှုအသစ်တွေပေးစွမ်းပေသည်။

"သဘောကျပါတယ်"

"ကျုပ်ကိုလား.."

ရည်းစားစကားပြောနေတာထင်ရသလား။ကျွန်တော်ကရေတံခွန်ကိုဒီတိုင်းလေးသဘာဝဆန်လို့သဘောကျတယ်လို့ပြောမိပါတယ်။ကျွန်တော်ကသူကိုသဘောကျသလိုပုံစံမျိုးဖြစ်သွားတာလား။

"ရေတံခွန်ကိုပြောတာ.."

"ha..ကျုပ်ကိုပြောတာထင်လိုက်တာ"

"ခင်ဗျားကိုသဘောကျစရာလား..ယောက်ျားချင်းကြီး"
တကယ်ဆိုကျွန်တော်ဘယ်သူကိုကြိုက်တာအတိအကျမသိသေးတော့စကားလမ်းကြောင်းကွေ့ကာပတ်ကာလျှောက်ပြောမိသည်။

"အဲဆိုခင်ဗျားက..ချစ်သူရှိတယ်ပေါ့"

"ဘာဆိုင်လို့ မရှိပါဘူး.."

ကျွန်တော်..စာတောင်မနည်းလုပ်နေရတာရည်းစားတို့ချစ်သူတို့စဥ်းစားနေရမယ့်အချိန်မဟုတ်တာ။အချစ်မခံဖူးတော့ကျွန်တော်ကအဲ့တာတွေကိုဘယ်လိုသိနိုင်မှာလဲ။

"ကျုပ်တစ်ခုပဲမေးမယ်..ခင်ဗျားသဘောကျနေတဲ့သူရှိလား"

"ဟင့်အင်း..မရှိဘူး"

ခံစားချက်ကိုသိပ်ပြီးခန့်မှန်းမမိသောကြောင့်ခပ်အေးအေးပုံစံဖြင့်သာမရှိဘူးလို့ဖြေမိသည်။

"ကျုပ်မှာတော့ရှိတယ် သဘောကျနေတဲ့သူ"

"ဘယ်သူလဲ.."

သူကြိုက်နေတဲ့သူကဘယ်သူများလဲ။ဘယ်လိုပုံစံလဲ။သူကိုအကဲခတ်ရတာလည်းတော်တော်ကိုခက်ပေသည်။ကျောင်းတွင်ဆိုကျွန်တော်မှလဲဲပြီးဘယ်သူကိုမှကြာကြာလေးမှမကြည့်ဖူးသောကောင်လေးကိုဘယ်လိုများခန့်မှန်းနိုင်မှာလဲ။

"ခင်ဗျား..တော်တော်စပ်စုတာဘဲ"

"မသိချင်တော့ပြီ..မပြောပြနဲ့ပြီးရော"

ကျွန်တော်စိတ်မရှည်သောကြောင့်သူဘယ်သူဘယ်ဝါကိုကြိုက်နေတာဆိုတာမသိချင်တော့။မျက်လုံးလေးမှိုင်ကာဟိုကြည့်ဒီကြည့်နှင့်လျှောက်ကြည့်နေရတော့သည်။

ကျွန်တော်၏ကောင်ဆိုးလေး(season1)Where stories live. Discover now