ကျွန်တော်တို့နှစ်ယောက်အိမ်ကိုပြန်လာပြီးဦးလေးကြီးအားအရက်ဘူးပေးလိုက်သည်။
"ငါတူ..မင်းနံဘေးကမင်းသူငယ်ချင်းလား.."
"ဟုတ်တယ်..ကျွန်တော်သူငယ်ချင်း.."
"မင်းသူငယ်ချင်းကိုခေါ်လိုက်လေ ငါနဲ့အတူအရက်သောက်ဖို့.."
"ဦးလေးကြီး သူကိုပဲမေးကြည့်လိုက်လေ.."
"ဟေ့ကောင်..ငါနဲ့အတူအရက်လာသောက်လေဘာကြောင်ကြည်နေတာလဲ.."
"ကျုပ်အရက်နဲ့ဓာတ်မတည့်ဘူး ဦးလေး.."
"အေးအေး.."
ကျွန်တော်သူအားမသိမသာမျက်စောင်းထိုးလိုက်လို့အဲလိုပြောလိုက်တာထင်ပါတယ်။ကျွန်တော်စိတ်ထဲကျေနပ်မိသည်။ထိုကောင်လေးကျွန်တော်စကားနားထောင်ပေးခဲ့လိုသူအားကျေးဇူးတင်မိသည်။
ကျွန်တော်အိမ်ခန်းထဲခနဝင်သွားပြီခနအိပ်ယာပေါ်ပက်လှက်လှဲလိုက်သည်။မသိမသာလေးတံခါးခိုးဖွင့်ပြီးကျွန်တော်နားတွင်လာထိုင်ချနေသောကောင်လေးအားမသိမသာလေးဂရုပြုမိသေး။ကျွန်တော်လက်အားလှမ်းဆုပ်လိုက်ပြီးဖွဖွလေးတစ်ချက်နမ်းရှိုက်လိုက်သည်။ကျွန်တော်လည်းသိနေရက်နဲ့ဆက်ပြီးငြိမ့်ခံနေဆဲပင်။မကြာခဏကျွန်ေတာ်နဖူးအားတစ်ချက်တစ်ချက်လာလာနမ်းရှိုက်လေသည်။
ကျွန်တော်ခန္ဓာကိုယ်လေးအားပွေ့ဖက်လိုက်သောအထိအတွေ့တစ်ခုကြောင့်အလိုလိုဂယာမငြိမ်ဖြစ်မိသေး။ခံစားချက်ကြီးက..ဘယ်လိုမျိုးပြောရမှန်းမသိတော့ပေ။သူ့ဆီမှရသောကိုယ်တွင်းရနံ့လေးသည်တစ်ခါအနံ့ခံဖူးသည်နှင့်တစ်သက်တာလုံးစွဲလမ်းမိမှာသေချာပါသည်။ခနခနကျွန်တော်ဆံပင်အားလာလာဖွနေသည်။အမြဲလိုလိုငြိမ့်ခံနေသောကျွန်တော်ကိုသူ့တစ်ယောက်စွဲလမ်းမိတာလား။ကျွန်တော်လည်းသူကိုသဘောကျမိတာလား။သဘောကျတာနဲ့ကြိုက်တာနဲ့အနည်းငယ်တူလောက်မယ်ထင်ပါတယ်။ကျွန်တော်လက်တွင်ချွေးစေးများထွက်လျက်ရှိပေသည်။သို့ပေမဲ့တင်းကျပ်စွာဆုပ်ကိုင်ထားမှုကအနွေးဓာတ်ကိုပေးဆောင်နေပေသည်။
"ပြွတ်စ်.."
ကျွန်တော်ပါးပြင်ကိုနမ်းရှိုက်လိုက်သောအသံသည်အခန်းထဲတွင်ကျယ်နိုင်သလောက်ကြားနိုင်လျက်။ကျွန်တော်မျက်လုံးဖွင့်ကြည်မှဒီအခိုက်အတန့်ဟာတစ်ခဏရပ်တန့်ခဲ့သည်။
YOU ARE READING
ကျွန်တော်၏ကောင်ဆိုးလေး(season1)
Romance"ကောင်းကင်လရောင်"ဆိုသောကောင်ဆိုးလေးဟာ ကျွန်တော်ရဲ့ဘဝအစိတ်အပိုင်းတစ်ခုပါပဲ... #သွေးရဲ