Final

125 6 0
                                    

"ခင်ဗျားအိမ်ပြန်ရပြီ.."

"မပြန်ချင်သေးဘူး..လွမ်းလို့ခင်ဗျားအိမ်လာတာကိုဗျ"

"ကျွန်တော်အိမ်မှာအိပ်မလို့လားဗျ.."

"ခွင့်ပြုမယ်ဆိုရင်ကျုပ်အိပ်မှာ.."

"မအိပ်နဲ့အိမ်ပြန်ရပြီ.."

ဝမ်းနည်းသွားသလားမသိပါ။သိမ်ငယ်နေသောမျက်လုံးသည်လမင်းပမာအေးစက်တိတ်ဆိတ်လျက်။

"ကျုပ်တစ်ခုလုပ်ပါရစေခင်ဗျားကို.."

"ဘာလုပ်မှာကျွန်တော်ကို"

"မျက်စိသာမှိတ်ထားဗျ.."

ကျွန်တော်မျက်စိမှိတ်ကာသူဘာလုပ်မလဲလို့စောင့်ဆိုင်းမိသည်။ကျွန်တော်၏နှုတ်ခမ်းသားအပေါ်ကျရောက်လာသောအထိအတွေ့။ချိုမြိန်မှုနှင့်ပြည့်နက်နေသောအနမ်းတစ်ခု။

"ပြွတ်စ်..အာဘွား.."

​အနမ်းပေးပြီး​ပြေးထွက်သွားသောကောင်လေး၏ကျောပြင်လေးကိုငေးမောမိသည်။အလွမ်းဓာတ်များနှင့်ကျန်ရစ်ရှာသောကျွန်တော်သည်ကျောက်ရုပ်ပမာရပ်စိုင်းလျက်။အတွေးများကိုဖျောက်ပစ်ကာကုတင်ပေါ်လှဲချလိုက်သည်။

လွတ်အိတ်ထဲကစာအုပ်ကိုထုတ်ပြီးစာလုပ်စားပွဲပေါ်တွင်သေချာစီရီလိုက်သည်။ပထမဦးစွာကျက်စာဖြစ်သောမြန်မာစာကိုကျက်ဖြစ်သည်။တိတ်ဆိတ်လှသောပတ်ဝန်းကျင်တွင်ကျွန်တော်အသံလွမ်းမိုးလျက်။လူ​ခြေသံမကြားရအောင်ကိုတိတ်ဆိတ်လှသည်။

စာရပြီဆိုပါမှဖတ်လက်စစာအုပ်ကိုထုတ်ပြီူဖတ်ဖြစ်သည်။စေးကျနေသောမျက်လုံးကိုမနိုင်တနိုင်မထုတ်လျက်။မနိုင်တဲ့အဆုံးကုတင်ဆီသွားကာအိပ်စက်အနားယူလိုက်ရသည်။

ညဦးလေးဟာအလွမ်းဓာတ်များဖြင့်အေးမြနေခဲ့သည်။ဆောင်းလေများကတောင်မြောက်အပြန်အလှန်တိုက်ခတ်လျက်။သစ်ပင်ပေါ်တွင်နားခိုနေသောငှက်ကလေးများ၏အိပ်မောကျသံကိုလည်းကြားရသည်။သစ်ပင်တို့၏လှုပ်ရှားနေသောအရွက်ကလေးများအချင်းချင်းထိတွေ့သံသည်သံစဥ်ပမာတီးခတ်လျက်။ပုရွက်ဆိတ်တို့၏လှုပ်ရှားနေသောခြေသံကိုလည်းကောင်းစွာကြားရသည်...

ကျွန်တော်၏ကောင်ဆိုးလေး(season1)Where stories live. Discover now