နံဘေးကကေင်လေးအားကြည့်လိုက်လျှင်လည်းအမြဲလိုလိုပြုံးနေတတ်သေး။သူက ကျွန်တော်အရှေ့မှာဆိုပြုံးပြီးတခြားသူအရှေ့မှာမပြုံးတာ။အဲဒီအကြောင်းအရင်းလည်းနည်းနည်းတော့စပ်စုချင်မိသေး။
"ခင်ဗျား..ဘာတွေရယ်နေတာလဲ.."
"ရယ်လို့မရဘူးလားဗျာ.."
"ဟင့်အင်း..မရဘူး"
"ကျုပ်ကခင်ဗျားအကြောင်းတွေးပီးရယ်နေတာဗျာ"
"ဘာအကြောင်းတွေများစဥ်းစားနေတာ..ကျွန်တော်မကောင်းကြောင်းများလား"
"မကောင်းကြောင်းမဟုတ်ဘူးကောင်းကြောင်း"
"ဘယ်လိုကောင်းကြောင်းလဲ"
"အဲဒါတော့ကျုပ်ပြောပြလို့မရဘူး"
"ဘာလို့ပြောပြလို့မရတာ"
"ခင်ဗျားတော်တော်စပ်စုတာဘဲ"
"မစပ်စုပါဘူး..မေးကြည့်တာပါ"
"ဘာမေးကြည့်တာလဲ..စပ်စုရင်စပ်စုတာပေါ့ဗျာ"
"မေးကြည့်တာနဲ့စပ်စုတာမတူဘူး မေးတာကခင်ဗျားဘာတွေတွေးနေလဲ့လို"
"ကျုပ်ကိုဘာညာလာမလုပ်နဲ့ စပ်စုရင်စပ်စုတာဘဲကျုပ်ကမှတ်ယူလိုက်ပြီ"
"အင်း..သဘောပါ"
"ဘာလဲမကျေနပ်တာလား ထိုးမလားဟိုဟာနဲ့"
"ဘာဟိုဟာလဲ"
"လက်သီးကိုပြောတာ ခင်ဗျားလျှောက်မတွေးနဲ့နော် ကျုပ်ပြောတာကရိုးရိုးရှင်းရှင်းလေး..ခင်ဗျားလုပ်မှုရှုပ်ထွေးကုန်မယ်"
"ကျွန်တော်လည်းဘာမတွေးပါဘူး..လူကိုများစွပ်စွပ်စွဲစွဲနဲ့"
"အဲလိုမဟုတ်ဘူးကွာ"
ကျွန်တော် သူ့အားပြိုင်ကိုမငြင်းနိုင်တော့ပါဘူး။သူရဲ့စကားမှာဘဲလမ်းပဲပျောက်နေတတ်တာ။သူပြောလိုက်တဲ့စကားဆိုလျှင်စကားလမ်းကြောင်းတောင်မနည်းရှာနေရသေး။
လမ်းကျဥ်းလေးထဲလမ်းထွက်လျှောက်ဦးမှ။ဆရာမတွေကလည်းအလုပ်ရှုပ်နေတယ်ဆိုတော့သန့်စင်ခန့်သွားတယ်ပြောပြီးလိမ်ပြောဦးမှ။ကျွန်တော်ခနလောက်လမ်းကျဥ်းလေးထဲကထိုင်ခုံစီသွားထိုင်လိုက်သည်။လေအေးတမြမြနဲ့အေးစက်လိုက်တာ။ရနံပေါင်းစုံရှိသောပန်းမျိုးစုံကလည်းတစ်မျိုးစွမ်းဆောင်နေတတ်သေး။အနောက်ကနေကျွန်တော်မျက်လုံးကိုပိတ်လိုက်ကာမေးခွန်းမေးလိုက််သည်။
YOU ARE READING
ကျွန်တော်၏ကောင်ဆိုးလေး(season1)
Romance"ကောင်းကင်လရောင်"ဆိုသောကောင်ဆိုးလေးဟာ ကျွန်တော်ရဲ့ဘဝအစိတ်အပိုင်းတစ်ခုပါပဲ... #သွေးရဲ