Chapter -1

315 25 2
                                    

တကယ်လို့ သေပြီးတော့ ဘဝသစ်ပြန်စရမယ်ဆို ဘာဖြစ်ချင်ကြလဲ? ကျွန်တော်ကတော့ အရာအားလုံး အစကနေ ပြန်စရမယ်ဆိုရင်တောင် သူ့အနားမှာပဲရှိနေတဲ့သူပဲဖြစ်ချင်တယ်......

~~~~

" ငါ ဘယ်ရောက်နေတာလဲ?  "
ကိုယ့်ကိုကိုယ် ပြန်မေးနေပေမဲ့ အဖြေတော့မရှိ ပတ်ဝန်းကျင်တခုလုံးက ခြောက်ကပ်မှောင်မိုက်နေပြီးတော့ သူ့ခန္ဒာကိုယ်ကလဲ ငှက်မွှေးတခုလုံးပေါ့ပါးနေတယ် ။ ဘယ်သွားရမှန်းမသိတော့ ခြေဦးတည့်ရာ လျှောက်သွားရင်း ရှေ့မှာခပ်မှိန်မှိန်လင်းနေတဲ့နေရာတခု ။ အလင်းရောင်ရှိတဲ့ နေရာကို သူအပြေးသွားကြည့်မိတော့ အဖြူရောင်တွေဝန်းရံနေတဲ့အခန်းတခု။  အခန်းထဲမှာ ကုတင်တလုံးရှ်ိနေပြီး ကုတင်ပေါ်မှာ ပိတ်အဖြူနဲ့ အုပ်မိုးခံထားရတဲ့သူတယောက် အဲ့ကုတင်ဘေးမှာ အေးစက်စက်မျက်နှာထားနဲ့ရပ်နေတဲ့ သူ့ချစ်ရသူ .......

"ဟျောင်း...  ဒါဘယ်နေရာလဲဟင် "
သူ့ချစ်သူနား အနားကပ်ပြီး သူမေးကြည့်လိုက်ပေမဲ့ သူ့ချစ်သူက မကြားသည့်ပုံစံဖြင့် ကုတင်ပေါ်က လဲလျောင်းနေသူဆီက အကြည့်မရွေ့

" ဟျောင်း ကျွန်တော်ဒီနေရာကို သဘောမကျဘူး အိမ်ပြန်ရအောင်လေ "
သူဒီတခါအသံနဲနဲမြှင့်ပြီးထပ်ပြောပေမဲ့ ဆက်ပြီးငြိမ်သက်နေသော တဖက်လူကြောင့် လက်မောင်းကို ကိုင်လှူပ်ဖို့ကြိုးစားလိုက်သော်လည်း သူဖမ်းဆုပ်မိသည်က လေဟာနယ်တခုသာ

"ဘာတွေဖြစ်နေတာလဲ ဟျောင်း ကျွန်တော်ဒီမှာလေ ကျွန်တော့်ကိုကြည့်ဦး "
သူသွေးပျက်မတက် ခြောက်ခြားနေတဲ့ချိန် သူ့ချစ်သူဆီက စကားသံကို သူကြားလိုက်ရတယ်

" ဆော့မက်သရူး မင်းပြန်လာခဲ့ မင်းကိုယ်တိုင်ကတိပေးခဲ့တာ မင်းဘက်ကစပြီး ဘယ်တော့မှထွက်မသွားဘူးလို့  မင်းပေးခဲ့တဲ့ကတိကို မင်းတည်အောင်လုပ်"

အေးစက်စက်အမိန့်စကားတွေပြောပြီး လှည့်ထွက်သွားတဲ့ ချစ်ရသူကြောင့် သူ့ရင်တွေပေါက်ထွက်မတတ် နာကျင်ရတယ်။  အခန်းရဲ့ ကြမ်းပြင်မှာ ဒူးထောက်ထိုင်ပြီး သူငိုနေတုန်း တကိုယ်လုံး အနက်ရောင်တွေဝတ်ဆင်ထားတဲ့ ထူးဆန်းတဲ့လူတယောက် သူ့ရှေ့မှာပေါ်လာတယ်

" ဆော့မက်သရူး မင်းသွားဖို့အချိန်ရောက်ပြီ "

"ဟင့်အင်း ကျွန်တော်မသွားချင်တော့ဘူး ကျွန်တော့ကို သူကမသွားနဲ့တဲ့ ကျွန်တော်မသွားဘူး မသွားဘူး... "

" မင်းငြင်းနေလဲ အလကားပဲ မင်းရဲ့သက်တမ်းက ဒီဘဝမှာ ဒီလောက်နဲ့ရပ်တန့်သွားပြီ "

အဲ့ဒီစကားရဲ့နောက် သူထပ်ပြီးလွင့်မျောသွားတယ် သူအသိစိတ်မလွင့်ပြယ်ခင်ထိ ခေါင်းထဲမှာရှိတာက သူဟျောင်းနဲ့ထပ်ဆုံတွေ့ချင်တယ် ရွေးချယ်ခွင့်နောက်တကြိမ်ရှိမယ်ဆိုရင်တောင် သူဟျောင်းကို ထပ်ချစ်ဖို့ကြိုးစားချင်သေးတယ်

-------------------
ပထမဆုံးရေးတာမို့ အမှားပါရင် ဝေဖန်ထောက်ပြနိုင်ပါတယ် 🙏

AgainWhere stories live. Discover now