ဝူဟျွန်းမိဘတွေ မနက်ဖြန်ဆိုရင် ပြန်လာတော့မည်ဆိုတော့ အိမ်ပြန်ရန် အထုတ်အပိုးပြင်နေသော ဝူဟျွန်းကိုကြည့်ပြီး ထယ်ရယ်က မျက်နှာမကောင်း ။
" ကျောင်းကပြန်ရောက်ထဲက သိမ်းနေတာခုထိမပြီးတော့ဘူး မင်းအဲ့လောက်တောင် အိမ်ပြန်ချင်နေတာလား "
" နည်းနည်းပါ မင်းအိမ်မှာ ငါအကြာကြီးနေနေရတာ အားနာဖို့လဲကောင်းလို့လေ "
" ပြန်ပြန် မြန်မြန်ပြန် "
ပြောချင်ရာပြောပြီး စိတ်ဆိုးမာန်ဆိုးနှင့် ထထွက်သွားသော ထယ်ရယ့်ကို ဝူဟျွန်းတားရန်ပင်အချိန်မရလိုက်
" ထယ်ရယ် ညစာစားကြမယ်လေ ဝူဟျွန်းရောခေါ်လိုက်ဦး "
" ခေါ်ချင် ဦးဦးပဲ ကိုယ့်ဟာကိုယ်သွားခေါ် "
အခန်းရှေ့မှာ တူဝရီးနှစ်ယောက်စကားပြောနေသံကိုကြားလို့ ဝူဟျွန်း နားစွင့်နေတုန်း အခန်းတံခါးဖွင့်ပြီး ဝင်လာသော ဦးဦးဂယူ" ဝူဟျွန်း ဟိုကောက်ကွေးနဲ့ ရန်ဖြစ်ထားတာလား ဘာဖြစ်တာလဲ "
" ကျွန်တော် မနက်ဖြန်အိမ်ပြန်ရတော့မှာမို့ အထုတ်တွေသိမ်းနေတာကို စိတ်ဆိုးသွားတာ ဦးဦး "
" အဲ့ဒါကြောင့်ကိုး အဲ့ကလေးက လူကိုကြည့်တော့သာ အရမ်းစိတ်မာသလိုနဲ့ အရမ်းဝမ်းနည်းလွယ်တာ ဝူဟျွန်းပြန်တော့မယ်ဆိုတော့ သူစိတ်မကောင်းဖြစ်နေတာနေမယ် ဝူဟျွန်းလဲ နေလို့ရရင် ခဏလောက်ဆက်နေပါဦးလား "
" အဖေနဲ့အမေက သတိရနေပြီဆိုလို့ ပြန်မှတော့ရမှာ ကျွန်တော်လဲ အိမ်နဲ့အကြာကြီးမခွဲဘူးတော့ လွမ်းတယ် ဒါမဲ့ ကျွန်တော် ခဏခဏလာလည်မှာဦးငယ် "
ပြုံးပြီးပြန်ဖြေလာတဲ့ ကလေးငယ်ကြောင့် ဂယူ မက်သရူးကိုသတိရမိသွားသည် ။ အမြဲတမ်း အထီးကျန်ဆန်ပြီး သန်မာချင်ယောင်ဆောင်နေပေမဲ့ ညှိုးငယ်နေသောမျက်ဝန်းတွေက ချစ်ခြင်းတွေခံယူပြီး မွေးဖွားကြီးပြင်းလာရသည့် ဝူဟျွန်းနှင့်တော့ ကွာခြားလှသည် ။
" ဟုတ်ပါပြီ လာလည်မယ်ဆိုကြိုပြော ဦးဦးအလုပ်နားပြီး မုန့်လိုက်ကျွေးမယ် ပြီးရင် အိမ်ကကောက်ကွေးလေးကိုလဲ ချော့လိုက်ပါဦး အခုတော့ ထမင်းသွားစားမယ် ထတော့ "

YOU ARE READING
Again
Fantasyရွေးချယ်ခွင့်နောက်တကြိမ်ရှိမယ်ဆိုရင်တောင် သူဟျောင်းကို ထပ်ချစ်ဖို့ ကြိုးစားချင်သေးတယ်