Chapter - 6

177 31 4
                                    

ဟန်ဘင်း တနေကုန်အတွေးများနေသဖြင့် လုပ်ရမည့်အလုပ်တွေက မပြီးပြတ်သေး အချိန်ကြည့်တော့ ယူနာနှင့်ချိန်းထားသည့်အချိန်ပင်နီးနေပြီ ယူနာ့ဆီ ဖုန်းဆက်ပြီး သူအနည်းငယ်နောက်ကျမည်ဖြစ်ကြောင်း ကြိုတောင်းပန်ထား၍သာတော်သေးတော့သည်။ သူအလုပ်တွေပြီးလို့ ယူနာ့ကို သွားခေါ်တော့ ချိန်းထားသည့်အချိန်ထက်ပင် တနာရီခန့်ကျော်နေပြီ ။ ယူနာနေတဲ့ဆီ ကားနဲ့သွားကြိုရင်း သူမစားချင်နေသည့် ဆူရှီဆိုင်ရှိရာသို့ ထွက်လာခဲ့တော့သည်။

ဆိုင်ထဲက ကားပါကင်နေရာတွင် ဂယူဗင်း၏ ကားရပ်ထားသည်ကို ဟန်ဘင်းတွေ့လိုက်ရာ ဂယူနှင့်ထယ်ရယ်လဲ ဒီမှာပင်ရှိလောက်မည်ဟု သူတွေးနေတုန်း
" ဟန်ဘင်း ငါကားပေါ်ကဆင်းတုန်း ခြေထောက်ကခေါက်သွားလားမသိဘူး နာသွားလို့ ငါ့ကိုတွဲပါဦး "

ဟန်ဘင်းလဲ ယူနာဘေးရပ်ပြီး လက်မောင်းကိုကိုင်ပြီးထိန်းပေးရန်လုပ်တော့ အလျင်အမြန် သူ့လက်မောင်းကို တွဲချိတ်လိုက်လေသောယူနာ ။
" ငါ ဒီလိုပဲ နင့်လက်ချိတ်ပြီးလျှောက်ရင်အဆင်ပြေမယ်ထင်တယ် "

ဟန်ဘင်းကောင်းသည်ဆိုးသည်ပြောမနေတော့ပဲ ဆိုင်ထဲဝင်ရန် ခြေလှမ်းပြင်လိုက်စဥ် မြင်ကွင်းထဲရောက်လာသူက ဂယူဗင်း ၊ သူ၏တူတော်မောင်ထယ်ရယ်နှင့် ထယ်ရယ်၏သူငယ်ချင်းလေး ဝူဟျွန်း ။ ဝူဟျွန်းကို မြင်လိုက်ရသည့်ခဏ ဟန်ဘင်း၏ လွတ်နေသော လက်တဖက်က သူ၏လက်မောင်းကိုချိတ်ထားသော ယူနာ၏လက်ကို အလိုလိုဖြုတ်ချမိသွားသည် ။

" ဝူဟျွန်း ဘာဖြစ်တာလဲ "
ထယ်ရယ်၏ အော်သံနှင့်အတူ ပြိုလဲသွားသော ဝူဟျွန်း၏ ခန္ဒာကိုယ်လေး ။ ရုတ်တရက်ဆိုတော့ ဟန်ဘင်းဘေးက ယူနာကိုပင် သတိမရတော့ပဲ ဝူဟျွန်းဆီပြေးသွားလိုက်သည် ။ ထယ်ရယ်က ဝူဟျွန်းကို ထိန်းထားပြီး အထိတ်ထိတ်အပျာပျာနှင့်

" ဦးငယ် ဝူဟျွန်း ဘာဖြစ်သွားလဲမသိဘူး လုပ်ပါဦး "
ဆိုကာ ငိုယိုပြီး ပြောလာသည်။
ဂယူဗင်းကလဲ ရုတ်တရက်ဆိုတော့ ဘာလုပ်ရမည်မသိ ခြေမကိုင်မိလက်မကိုင်မိ ။

" ဂယူ အနီးဆုံးဆေးရုံကို ဖုန်းဆက်ပြီး ဆေးရုံကားခေါ်လိုက် ထယ်ရယ် ဦးငယ်ကားထဲက ကုတ်အင်္ကျီယူခဲ့ပေး"  ဟုဆိုကာ ကားသော့ပေးလိုက်ပြီး သတိလစ်နေသော ဝူဟျွန်းခန္ဒာကိုယ်လေးကို ကောက်ပွေ့ကာ ကားပါကင်အနားက ခုံတန်းဆီ ခြေလှမ်းရတော့သည် ။ ဝူဟျွန်းကိုခုံတန်းပေါ်အသာချပြီး ဝူဟျွန်းခေါင်းအုံးရန် သူ့ပေါင်ကိုသာ အသုံးချလိုက်ရသည် ။

AgainWhere stories live. Discover now