Chapter -3

196 28 2
                                    

" ဟျောင်း "

ဝူဟျွန်း သတိမထားမိပဲ နှူတ်ကနေ ထွက်ကျလာတဲ့ နာမ်စားတခု ။ ထယ်ရယ်ကတော့ သတိထားမိပုံမပေါ်ပဲ သူ့ဦးငယ်ဆီ ဝူဟျွန်းလက်ကိုဆွဲပြီး အမြန်ပြေးသွားတယ် ။

" ဦးငယ်ကို မိတ်ဆက်ပေးမယ် ဒါကျွန်တော့သူငယ်ချင်း ဆော့ဝူဟျွန်းတဲ့ "

ဝူဟျွန်းကို အသေအချာစိုက်ကြည့်နေသည့် ထိုလူက ထယ်ရယ်ပြောသည်ကို ကြားသည့်ပုံမပေါ် ဝူဟျွန်းစိတ်ထင်ပဲလား ထိုလူ့မျက်ဝန်းတွေက အလွန်ပင်ဆွေးမြေ့ကြေကွဲနေသည့်ဟန်ပေါ်နေသည် ။

" ဝူဟျွန်း ဒါ ငါ့ဦးငယ်လေ နံမည်က ဆောင်းဟန်ဘင်း "

" တွေ့ရတာဝမ်းသာပါတယ်ဗျ ထယ်ရယ်သူငယ်ချင်း ဝူဟျွန်းပါ "

ဝူဟျွန်းနှူတ်ဆက်လိုက်မှ ရုတ်တရက်အနှိူးခံလိုက်ရသလို အသိစိတ်ဝင်လာသည့် ဟန်ဘင်းက နွေးနွေးထွေးထွေးပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ် ။

" ဦးငယ် ဝူဟျွန်းက သားနဲ့တူတူပြန်နေကျ အခုသူ့ကိုပါ လမ်းကြုံခေါ်သွားလို့ရလား?"

"ရတာပေါ့ တက်လေ ဝူဟျွန်း အိမ်ကိုချက်ချင်းပြန်ဖို့မလိုသေးရင်လဲ ထယ်ရယ်နဲ့တူတူညစာ လိုက်စားပါလား "

" ရပါတယ် ဟျောင်း အဲ ဦးငယ် "

ဝူဟျွန်း နှူတ်က ဘာလို့ ဟျောင်း ဟုသာ ခဏခဏ မှားခေါ်နေမိသည်မသိ ဆောင်းဟန်ဘင်း ဘယ်လောက်ပဲ ရုပ်​ချောပြီး နုနေပါစေဦး သူ့ထက်အသက်တဝက်လောက်ကြီးသည့် ဦးလေးအရွယ်ပဲမလား

" ဝူဟျွန်း မင်းကလဲ ငါ့ဦးငယ်က ခန့်ချောကြီးပေမဲ့ ဟျောင်းလို့ ခေါ်ရလောက်တဲ့အထိတော့ မငယ်တော့ပါဘူးဟ "

ဒီတခါခေါ်သည့် ဟျောင်းဆိုသည်ကို ကြားသွားသည့် ထယ်ရယ်ကတော့ လှောင်ရယ်ရယ်ရင်း ဝူဟျွန်းကို စနေတော့သည် ။ အခေါ်ခံရသူ ဟန်ဘင်းသာ မပြုံးနိုင်ပဲ မျက်နှာတချက်ညှိုးသွားပြီးမှ အပြုံးတခုနှင့်
" ဝူဟျွန်းက ဟျောင်းခေါ်ချင်ရင်လဲ ခေါ်လေ ကိုယ်ကတော့ နားထောင်ကောင်းတယ်လို့ထင်တယ် "

ဘာလို့ရယ်မသိ ဆောင်းဟန်ဘင်းရဲ့ မျက်နှာလှလှကိုကြည့်ရင်း ဝူဟျွန်းရင်ထဲ ဗြောင်းဆန်လာသလိုပင် ဆက်၍ပင်မကြည့်ရဲတော့

AgainWhere stories live. Discover now