Chapter - 8

216 32 0
                                    


" ဝူဟျွန်းက ထယ်ရယ်နဲ့ အခန်းမျှသုံးလ်ို့အဆင်ပြေတယ်မလား "
" ဟုတ်ကဲ့ အဆင်ပြေပါတယ် "
ဝူဟျွန်း၏ အဖြေကိုပင် ပြီးအောင်မစောင့် သူ့ အထုပ်တွေယူကာ အပေါ်ထပ်သို့တက်သွားသောသူကြောင့် ဝူဟျွန်းနောက်ကလ််ိုက်ရတော့သည် ။

ဘဲရုပ်ဆိုင်းဘုတ်အသေးလေးပေါ်တွင် ထယ်ရယ်အခန်းဟုရေးထားပြီး တံခါးရှေ့တွင်ကပ်ထားသည်ကို မြင်လ်ိုက်ရတော့ ဂင်ထယ်ရယ်ကလေးဆန်လိုက်တာဟုတွေးမိပြီး ဝူဟျွန်းရယ်မိသွားလေရာ ရှေ့မှလူက ဘာလ်ို့ရယ်နေတာလဲဟူသော အကြည့်နှင့်ပြန်ကြည့်လာလေသည် ။ ပြီးမှ ဝူဟျွန်းဆိုင်းဘုတ်ကိုကြည့်နေသည်ကိုမြင်သောအခါ ပြောပြလာလေသည်။

" အဲ့ဒါ ထယ်ရယ်ရဲ့အကျင့်လေ အခန်းအကုန်လုံးမှာ လ်ိုက်ကပ်ထားတယ် တခါတလေ သူစိတ်ကောက်နေရင် /ထယ်ရယ်စိတ်ကောက်နေသည် မဝင်ရ/ဆိုတဲ့ ဆိုင်းဘုတ်ပါ ကပ်ထားသေးတာ "

" ထယ်ရယ်က ချစ်စရာကောင်းတယ်နော် " ဟု ရယ်ရင်းပြန်ဖြေတော့ ဝူဟျွန်းက်ိုသေချာကြည့်ကာ

" အင်း ဝူဟျွန်းရောပဲ " မျက်နှာသေနှင့်ပြောကာ အခန်းထဲဝင်သွားသောသူကြောင့် ဝူဟျွန်းမှာတော့ ထူပူပြီး နားဖျားလေးများပင်ရဲသည်အထိ ရှက်သွားရတော့သည် ။

" အပြင်မှာရပ်မနေနဲ့ အထဲဝင်ခဲ့လေ "

ဝူဟျွန်းဝင်သွားတော့ အခန်းထဲမှာ အရာရာက စနစ်တကျနှင့် သေသေသပ်သပ်ရှိနေပြီး မိုးပြာရောင်ခြယ်ထားသော အခန်းလေးက နွေးထွေးလုံခြုံသလိုခံစားသွားရစေသည် ။

" ထယ်ရယ်က ကျောင်းသွားနှင့်ပြီ ခွင့်လဲတိုင်ပေးထားတယ်ဆိုတော့ ဒီနေ့တော့ အပြည့်အဝအနားယူလိုက် ဟုတ်ပြီလား "

" ဟုတ်ကဲ့ "

" အိပ်ချင်စိတ်ရှိရင် အိပ်နေလေ ကိုယ်နေ့လည်စာစားချိန်ကျ လာနှိူးပေးမယ် "

ဟန်ဘင်းပြောစရာရှိတာပြောပြီး အခန်းထဲက ထွက်မည့်အချိန်တွင် ဆူဆူညံညံနဲ့အပေါ်ပြေးတက်လာသူက ဂယူဗင်း

" ဝူဟျွန်းလေး "

" ငါတို့ ဝူဟျွန်းလေး ထယ်ရယ်လို စိတ်လက်တဆစ်နဲ့နေလို့အဆင်ပြေပါ့မလား တော်ကြာ သူ့ပစ္စည်းတခုခုထိမိတာနဲ့ စိတ်ကောက်ခံနေရဦးမယ် ဦးဦးနဲ့လာနေမလား "

AgainWhere stories live. Discover now