Chapter - 11

239 35 4
                                    

သူအခန်းရဲ့ချောင်မှာကပ်နေရင်း ဖုန်းကိုကိုင်ကာ ဖုန်းခေါ်သင့်မခေါ်သင့် တွေဝေနေမိသည် ။ နောက်ဆုံး သူဆုံးဖြတ်ချက်ချပြီး ဖုန်းခေါ်လိုက်သော်လည်း တဖက်လူက ဖုန်းကိုင်လာခြင်းမရှိ ။ ဖုန်းကိုလက်က ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း မျက်ရည်များက ပါးပြင်ပေါ် အတားအဆီးမရှိကျလာသည်။

လောကကြီးထဲ သူတယောက်ထဲ မှီခိုရမဲ့မိဘမရှိ တိုင်ပင်စရာသူငယ်ချင်းမရှိ နောက်ဆုံးသူချစ်ရပင်သူ့အနားမရှိ ။ သူမှီတွယ်ရမဲ့သူမရှိဘူး တကမ္ဘာလုံးမှာ သူတယောက်ထဲဆိုသည့်အသိက ရင်ကို ဓားနှင့်အကြိမ်ကြိမ်မွှန်းနေသလိုပင် ။ သူဒီအထီးကျန်ဆန်တဲ့ဘဝကြီးက လွတ်မြောက်ချင်ပြီ ။ သူချစ်ရတဲ့သူအနားက သူထွက်မသွားချင်ဘူး ဒါပေမဲ့ သူ့ကိုမချစ်တဲ့လူတယောက်ကို ဆွဲထားဖို့ပင် သူအရမ်းပင်ပန်းနေပြီ ။

// ဟျောင်း ကျွန်တော်အရမ်းပင်ပန်းနေပြီ //

သူစာပို့လိုက်ပြီးနောက် ဖုန်းကိုရင်ခွင်ထဲတွင် အဖိုးတန်ပစ္စည်းတခုနှယ် ပွေ့ဖက်ကာ ထိန်းချုပ်မှူကင်းမဲ့စွာ နောက်ဆုံးအကြိမ်အဖြစ် အော်ငိုနေမိတော့သည် ။ နောက်ဘဝများရှိခဲ့ရင်လဲ သူဟျောင်းကိုဆက်ချစ်နေချင်သေးသည် ။ ဟျောင်းချစ်ခြင်းခံရမဲ့သူ ဖြစ်ချင်သည် ။ မိသားစုပြည့်ပြည့်စုံစုံနဲ့ ပျော်ရွှင်ရတဲ့သူ ဖြစ်ချင်သည် ။ ဒီဘဝမှာ သူမပြည့်ခဲ့တဲ့ဆန္ဒတွေ သူ့အတွက်မလောက်ငခဲ့တဲ့ မေတ္တာတွေကို သူဆတိုး ပြန်လိုချင်မိသည် ။ နောက်ဘဝမှာမှ ထပ်ဆုံကြတာပေါ့ ချစ်သူ .......

~~~~~

" ဝူဟျွန်း...ဝူဟျွန်း... ဘာဖြစ်လို့လဲ ထဦး "

ထယ်ရယ်လှူပ်နှိူးနေမှူကြောင့် ဝူဟျွန်းအိပ်မက်မှ နိုးလာသည့်တိုင် စိတ်ထဲတွင် လစ်ဟာနေမှူနှင့် ဝမ်းနည်းနေမှူက မပျောက်သေး ။ ဝူဟျွန်း ထထိုင်လိုက်သော်လည်း မျက်ရည်များကို သူမရပ်နိုင်သေး၍ ဆက်ငိုနေမိသည် ။ အိပ်မက်ဟုဆိုသော်လည်း သူ့စိတ်ထဲတွင် အထီးကျန်ဆန်ပြီး မျှော်လင့်ချက်မဲ့နေသော ခံစားချက်က အစစ်အမှန်ခံစားခဲ့ရတာပင် ။

" အိပ်မက်ဆိုးတွေမက်လို့လား "
ထယ်ရယ်၏အမေးကို ဝူဟျွန်း ခေါင်းငြိမ့်ပြရုံသာ ငြိမ့်ပြလိုက်မိသည် ။ အိပ်မက်ထဲကလိုမျိုး သူတခါမှ မခံစားဖူးခဲ့သော်လည်း သူ့မျက်ရည်တွေကတော့ ရပ်မရနိုင်အောင် စီးကျနေဆဲပင် ။ ထယ်ရယ်က သူ့ကိုကြည့်ပြီး ဘယ်လိုနှစ်သိမ့်ရမည်ပင်မသိတော့၍

AgainWhere stories live. Discover now