Chapter - 2

217 22 4
                                    

အိပ်မက်ဆိုးတွေကြောင့်ပဲလားမသိ ဆော့ဝူဟျွန်း အိပ်ယာနိုးလာထဲက ရင်ထဲမှာ တင်းကျပ်ကျပ်နဲ့ ဝမ်းနည်းနေသလိုပင်

" မောနီး Omma "
ဆိုပြီး အမေဖြစ်သူကို ဖက်ပြီး ခဏလောက်ချွဲနေလိုက်သေးသည်
" လူပျိုပေါက်ပဲဖြစ်နေပြီ ခုထိချွဲနေတုန်း ကလေးဆိုးလေး"
ဆိုပြီး Omma ကသူ့ခေါင်းကို ဖွဖွလေးပွတ်ပေးလာမှ စိတ်ညစ်ညူးနေရာမှ အနည်းငယ် ကြည်လင်လာသလိုပင်

" Omma သားဒီနေ့ မနက်စာမစားတော့ဘူး  ​ကျောင်းစတက်တဲ့ရက်ဆိုတော့ စောစောသွားချင်လို့ "
"ကျောင်းသားသစ်လေးက ရင်ခုန်နေတာလား သားကြိုက်တဲ့ပေါင်မုန့်ဝယ်ပေးထားတယ် အဲ့ဒါလေးတော့ ယူသွားဦးလေ "
ဝူဟျွန်း "ဟုတ်" တခွန်းဆိုကာ မေမေလက်ထဲထည့်ပေးတဲ့ပေါင်မုန့်နဲ့နွားနို့ဘူးကိုယူပြီး လွယ်အိတ်ကောက်လွယ်ကာ ကျောင်းကို ထွက်လာခဲ့လိုက်တော့သည် ။

~~~

အထက်တန်း ဒုတိယနှစ် တန်းခွဲ A
ဆူညံနေတဲ့အခန်းရှေ့မှာ ဝူဟျွန်းရပ်နေတုန်း စာသင်ခန်းထဲက ဆရာမက သူ့ကိုမိတ်ဆက်ဖို့ အခန်းထဲ ဝင်လာဖို့ပြောတဲ့အသံကို သူကြားလိုက်ရတယ်

" မင်္ဂလာပါ ကျွန်တော့နာမည် ဆော့ဝူဟျွန်းပါ တွေ့ရတာဝမ်းသာပါတယ် "

" ဘယ်သူ့ဘေးမှာ နေရာလွတ်သေးလဲ "

ပြတင်းပေါက်ဘေးနားက ခုံက မျက်မှန်နဲ့ကောင်လေးက လက်ထောင်ပြပြီး
" သူကျွန်တော့ဘေးက ထိုင်ခုံမှာထိုင်လို့ရတယ် ဆရာမ"

" ဟုတ်ပြီ အဲ့ဒါဆို ဝူဟျွန်းက ထယ်ရယ်ဘေးနားက နေရာမှာ ထိုင်လိုက်နော် "

" ဟုတ်ကဲ့ ဆရာမ" ဆိုပြီး သူသွားထိုင်လိုက်​​​တော့ ထို​ကောင်​​လေးက ပြုံးပြပြီး အရင်မိတ်​ဆက်လာတယ်

"မင်းနာမည် ​ဆော့ဝူဟျွန်းလား ငါခုနက ​နာမည်​သေချာမကြားလိုက်လို့ ငါ့နံမည် ဂင်ထယ်ရယ် "

"ဟုတ်တယ် ​ဆော့ဝူဟျွန်း ဒါနဲ့အခုဘာစသင်မှာလဲ "

မျက်မှန်နဲ့ဆို​တော့ စာကြမ်းပိုးပုံစံနှင့် ထယ်ရယ်က စာ​တော်မည့်ပုံစံပင် ပြုံးလိုက်ရင် ​ပေါ်လာသည့် ပါးချိုင့်​လေး​တွေနှင့် အ​တော်​လေးလဲ ချစ်စရာ​​ကောင်းပြီး သ​​​ဘော​ကောင်းသည့် ထိုင်ခုံ​ဖော်​ကြောင့် ဝူဟျွန်း​ကျောင်းအသစ်ကို သ​​ဘောကျမိသည် ။

AgainWhere stories live. Discover now