Chapter - 10

221 23 2
                                    

ယူနာ ဆောင်းဟန်ဘင်းကို စိတ်ကောက်၍ အဆက်အသွယ်မလုပ်ဖြစ်ခဲ့တာ ၆ရက်ခန့်ရှိပြီဖြစ်သော်လည်း တဖက်လူက သူစိတ်ဆိုးနေသည်ကိုပင် သိသည့်ပုံမပေါ် ။ ဖုန်းပင်စမဆက်လာသလို သူမဆီ တောင်းပန်ကြောင်း စာတစောင်တောင် ပို့မလာ ။ နောက်ဆုံးတော့ မနေနိုင်သည့် ယူနာကပဲ ဖုန်းအရင်စဆက်သော်လည်း ဖုန်းပါမကိုင်၍ ဆောင်းဟန်ဘင်းအိမ်သို့သာ လိုက်လာခဲ့မိတော့သည် ။

သူလူခေါ်ဘဲလ်ကိုနှိပ်ပြီး တံခါးလာဖွင့်ပေးသည်ကို စောင့်နေချိန်တွင် တံခါးလာဖွင့်ပေးသည့်သူက သူမထင်ထားသူတယောက် ။ မဖြစ်နိုင်တာ ဒီလူက သေပြီးလို့အရိုးပင်ဆွေးနေလောက်ပြီ ။ သူမရုတ်တရက်ကြောက်လန့်သွားသည့်စိတ်ကြောင့် ခွေယိုင်လဲသွားမတတ်ပင် ။

" ဆော့ ဆော့မက်သရူး နင်က ဘာလို့ဒီမှာ... "

သူမစကားတွေက အထစ်ထစ်အငေါငေါ့ ထွက်လာသည် ။ သူ့ရှေ့က ကောင်လေးကလဲ သူ့ကိုစိုက်ကြည့်နေရင်း မျက်နှာကဖြူဖျော့သွားလေသည် ။
ဝူဟျွန်းတံခါးသွားဖွင့်တော့ မြင်ရသူက အခြားသူမဟုတ် သူမူးလဲသည့်နေ့က ဆောင်းဟန်ဘင်းနှင့်အတူတွဲတွေ့လိုက်ရသော အမျိုးသမီးပင် ။ သူမကို မြင်တိုင်း ရင်ထဲတွင် ပြောပြ၍မရသော စိတ်နာကျင်မှူကို သူခံစားရသည် ။ သူမကိုကြည့်နေရင်း ဝူဟျွန်း၏ ခေါင်းထဲတွင် ပုံရိပ်များ တခုပြီးတခု ပေါ်လာလေသည် ။

" မိဘမဲ့ကောင် ဆိုက်ကိုကောင် "
" မြင်ရတာ ကျက်သရေကိုမရှိဘူး "
" နင့်လိုအမှိူက်ကောင်ကများ ဟန်ဘင်းနဲ့တန်တယ်ထင်နေတာလား "
" နင်က သေသွားသင့်တာ "
" နင့်ကို ဘယ်သူကမှမလိုချင်ဘူး "
" အပျက်ကောင် "
" Loser "
"........."

မျိုးစုံသော စကားသံတွေနှင့် လှောင်ပြုံးတွေ သူ့ခေါင်းထဲမှာ သူတခါမှမသိခဲ့ဖူးတဲ့ မှတ်ဉာဏ်တွေက တခုပြီးတခု ပေါ်လာကာ ခေါင်းတွေမူးနောက်ပြီး လဲကျမလဲဖြစ်သွားစဉ် နောက်မှ သူ့ခါးကို တစုံတယောက်က ထိန်းပွေ့ပေးလာသည် ။ ထိုလူ့ရင်ခွင်နှင့် နီးကပ်သွားချိန်တွင် ရင်းနှီးနေသည့် ကိုယ်သင်းရနံ့လေးက သူ့စိတ်ကိုအနည်းငယ်အေးချမ်းသွားစေသည် ။

" ဟျောင်း "
သူ့နှူတ်က အမှတ်တမဲ့ ထွက်လာသော ခေါ်သံတိုးတိုးလေး

AgainWhere stories live. Discover now