Chapter - 7

206 35 0
                                    

ဝူဟျွန်း ရှေ့တွင် မြင်နေရသည့် မြင်ကွင်းကြောင့် မှင်သက်နေမိသည် ။ သူရပ်နေသည့်နေရာက သစ်ပင်ကြီးတခု၏အောက်တွင်ဖြစ်ပြီး သူ့မျက်စိရှေ့နှင့် မနီးမဝေးတွင်တော့ လူ၂ယောက်ရှိနေသည် ။

သူ့ကိုကျောပေးရပ်နေသော ကောင်လေး နှင့် သူနှင့်မျက်နှာချင်းဆိုင်မှ ကောင်မလေး ၂ယောက်သား စကားရပ်ပြောနေရင်းမှ ကောင်လေး၏ ခေါင်းက
ကောင်မလေးမျက်နှာနားသို့ နိမ့်သွားပြီး ကောင်မလေး၏ လက်ချောင်းများက ကောင်လေးလက်မောင်းကို ဆုပ်ကိုင်လာသည်ကို သူမြင်လိုက်ရသည်။
ထိုပူးကပ်သွားသော လူ၂ယောက်ကို မြင်လိုက်ရသည့်အချိန်တွင် သူအရမ်းမွန်းကြပ်လာပြီး မျက်စိစုံမှိတ်ထားမိလိုက်တော့သည် ။ ဟင့်အင်း သူဆက်မကြည့်ချင်ဘူး သူရင်နာရတယ် ။

သူမျက်စိဖွင့်ကြည့်မိသည့်ခဏ သူ့ရှေ့တွင် အနိုင်ရဟန်ဖြင့် မော်မော်ကြွားကြွားရပ်နေသောထိုမိန်းကလေး နှင့် သူမ၏ လက်ကိုဆုပ်ကိုင်ထားသော ကောင်လေး ။ ထိုကောင်လေးက သူ့ကို စိမ်းသက်သက်ဟန်နှင့် ကြည့်ကာ မျက်နှာလွှဲသွားလေသည်။

" ဆောင်းဟန်ဘင်းက ငါ့အပိုင် နင်သူ့ကိုဘယ်တော့မှမရစေရဘူး ဆော့မက်သရူး "
ပြောပြီးထွက်သွားသော သူမနှင့်အတူ လိုက်သွားရန် ခြေလှမ်းပြင်နေသည့်သူ၏ လက်တဖက်ကို ဝူဟျွန်းလှမ်းဆွဲထားမိသည် ။

" ဟျောင်း မသွားပါနဲ့ တောင်းပန်ပါတယ် သူနဲ့မလိုက်သွားပါနဲ့..."
ဝူဟျွန်းမျက်ရည်များနှင့်ရှိူက်ငိုရင်း သနားခံတောင်းဆိုနေသော်လည်း နောက်သို့တချက်မှပင် လှည့်မကြည့်ဘဲ ဆွဲထားသည့် လက်ကိုခါချကာထွက်သွားသည့် သူ့ချစ်ရသူ.....

~~~~~~

ဟန်ဘင်းကို ဆေးရုံစောင့်ချင်ပါသည် အိမ်မပြန်ဘူးဟုဆိုကာ ဂျစ်တိုက်နေသော ဂယူနှင့် ထယ်ရယ်ကို မရမက ပြန်လွှတ်ပြီးမှ ဟန်ဘင်း အသက်ကောင်းကောင်းရှူနိုင်တော့သည် ။ တနေကုန်ပူပန်နေရသည့်စိတ်ကို ခဏအနားပေးရန် ဆေးရုံမှ ပန်းခြံအသေးလေးထဲ လမ်းခဏလျှောက်ပြီး ဝူဟျွန်းအားစောင့်ကြည့်ရင်းအနားယူရန် အခန်းရှိရာသို့ သူပြန်လာခဲ့လိုက်တော့သည် ။

AgainWhere stories live. Discover now