Chapter - 4

187 26 2
                                    

" နင့်ကိုယ်နင် တကယ်အရေးပါတဲ့လူလို့ထင်​နေတာလား? "

လှောင်ပြုံးတခုချိတ်ဆွဲထားတဲ့မိန်းကလေးက သူ့ကို လက်ညှိူးထိုးပြီး ပြောနေသော်လည်း သူဘာစကားမှမဆိုနိုင် အာစေးမိထားသလို ဆွံ့အနေခဲ့သည် ။

" ဆော့မက်သရူး နင့်ကိုနင် ဘာကောင်ကြီးထင်နေတာလဲ သူ့အတွက်နင်က အပျော်ကစားဖို့သက်သက်ပဲ သူကစားလို့ဝသွားရင် နင့်ကိုထားခဲ့မှာ နင်ကသာမရှက်မရှိ ဖက်တွယ်နေတာ နင်ထွက်သွားစမ်းပါ နင်မရှိမှကောင်းမှာ သူ့ဘဝထဲလဲ နင့်ကိုမလိုအပ်ဘူး နင်ထွက်သွား "

သူမရဲ့အကြည့်တွေက သူ့ကိုအရမ်းမုန်းတီးနေသလိုမျိုးကြည့်နေပြီး စကားဆုံးသည်နှင့် သူမက သူ့ကိုတွန်းချလိုက်သည်ကို ခံစားလိုက်ရကာ သူ့ခန္ဒာကိုယ်တခုလုံး အမှောင်ထုထဲပြုတ်ကျသွားသည် ။

"အား...''

ဝူဟျွန်း ချွေးတွေရွှဲနစ်ပြီး လန့်နိုးလာသည်။ သူအိပ်မက်ဆိုးတွေမက်နေတာပဲ အိပ်မက်ထဲက မိန်းမက ဘယ်သူလဲ သူ့ကိုဘာလို့အဲ့လောက်မုန်းတီးနေတာလဲ သူမသိ ၊ သူမ ပြောခဲ့တာတွေကိုလဲ ပြန်စဥ်းစားကြည့်တော့လဲ အရာအားလုံးက ဝိုးတဝါး သူမှတ်မိသည့်စကားလုံးဆိုလို့ " နင်ထွက်သွား " ဆိုပြီး နာနာကျည်းကျည်းအော်ပြောခဲ့သည့် စကားတခုသာ

~~~~~

" ဆော့ဝူဟျွန်း "

ထယ်ရယ့်ခေါ်သံကြားလို့ လိုက်ရှာမိတော့ သူရှိနေသည့်နေရာနှင့် မလှမ်းမကမ်းတွင် မနေ့ကတွေ့ခဲ့သည့် ကားအနက်က ရပ်ထားပြီး အထဲမှ ထယ်ရယ်က ကားမှန်ချကာ သူ့ကိုလှမ်းခေါ်နေသည် ။ ဝူဟျွန်းလဲ ကားအနားဆက်လျှောက်သွားတော့

" ဝူဟျွန်း လာတက် "
ဝူဟျွန်း ငြင်းချိန်ပင်မရလိုက် ထယ်ရယ်က ကားနောက်ခန်းတံခါးဖွင့်ပြီး အတင်းဆွဲခေါ်ထားသည် ။
ရှေ့ခုံကိုကြည့်လိုက်တော့ Driver seat တွင်နေရာယူထားသော ထယ်ရယ့်ဦးငယ် ဟန်ဘင်းနှင့် Passenger seat တွင်က ဟန်ဘင်းနှင့်ရွယ်တူလူတယောက် ထိုလူကပင် ပြုံးပြုံးရွှင်ရွှင်နှင့် ဝူဟျွန်းကို အရင်နှူတ်ဆက်လာသည် ။

" ဦးဦးကိုကြွားနေကျ ဘဲပေါက်လေးရဲ့သူငယ်ချင်းဆိုတာလား ဦးဦးနာမည် ဂင်ဂယူဗင်းပါ ထယ်ရယ့်ရဲ့ အဖေဘက်က ဦးလေးလေ "

AgainWhere stories live. Discover now