" ပြန်ရောက်ပါပြီ "
ထယ်ရယ် အိမ်ပြန်ရောက်တော့ တအိမ်လုံးမှာ အပ်ကျသံပင်မကြားရ ။ သူ့ဦးငယ်က ဒီနေ့လာမကြိုပဲ ဦးဦးကသာ လာကြိုလေသည် ။ ဦးဦးပြောသည်ကတော့ ဟိုနှစ်ယောက်အိမ်မှာကျန်ခဲ့သည်တဲ့ ခုတော့ ၂ ယောက်လုံးကို အရိပ်အယောင်မမြင်ရသေး ။
" ဦးငယ်ရေ ကျွန်တော်ပြန်ရောက်ပြီလို့ ဝူဟျွန်းရေ ငါရောက်နေပြီ မုန့်ဝယ်လာတယ် အောက်ဆင်းခဲ့ဦး "
ညနေစောင်း ထယ်ရယ်ပြန်လာသည်ထိ ဆောင်းဟန်ဘင်းတယောက်အခန်းထဲက အခန်းပြင်သို့မထွက်မိ ။ ဂယူဘင်းရဲ့အသံကလဲတိတ်နေသလို ဟိုကလေးအသံကိုလဲ သူတချက်မှမကြားရ ။ ထယ်ရယ် ပြန်လာမှသာ ခြောက်ကပ်တိတ်ဆိတ်နေသော အိမ်က အသက်ဝင်လာရသည် ။
ဆူဆူညံညံ အော်ဟစ်ခေါ်ရင်း အပေါ်ထပ်သို့ပြေးတက်လာသော ခြေသံများကို ဟန်ဘင်းကြားနေရသည် ။ အပြင်ထွက်ဖို့ အခန်းတံခါးဖွင့်လိုက်တော့ သူနှင့်မျက်နှာချင်းဆိုင်အခန်းမှတံခါးကလဲ ပြိုင်တူပွင့်လာလေရာ သူ့အကြည့်များက ထိုနေရာသို့ရောက်သွားရသည်။ ခုမှအိပ်ယာနိုးလာသည့်ပုံစံ ဆံပင်စုတ်ဖွား အူတူတူရုပ်နှင့် ဝူဟျွန်းကလဲ သူ့ကိုပြန်ကြည့်နေပြီး နှစ်ယောက်သား ဘာစကားမှတော့မဆိုဖြစ် ။
" မကြားဘူးထင်လို့ အပေါ်တက်ပြီး လာခေါ်တာ ကိတ်မုန့်ဝယ်လာတယ် "
" တကယ်လား စားမယ် "အစားအသောက်ဆိုသည့်အသံကြားတာနှင့် မျက်ဝန်းတွေထဲတွင် ကြယ်တွေပင် လက်လာသလို ပျော်မြူးနေသောအကောင်ပေါက် ထယ်ရယ်နှင့်တကယ်သူငယ်ချင်းဖြစ်သင့်လေသည် နှစ်ယောက်လုံးက တပုံစံထဲ ။
" ခဏနေ ညစာစားရတော့မှာ ကိတ်မုန့်စားချင်ရင် ညစာစားပြီးမှစား ထယ်ရယ် အင်္ကျီလဲပြီးရင် ညစာချက်ဖို့လာကူဦး "
အနောက်မှာ ၂ယောက်သား နှူတ်ခမ်းစူပြီးကျန်ခဲ့တာ သိပေမဲ့လဲ ဟန်ဘင်းမမြင်ချင်ယောင်ဆောင်ပြီး အောက်ဆင်းလာခဲ့လေသည် ။ ကျေးဇူးမသိတတ်တဲ့ကောင်စုတ်လေးအတွက် ဟင်းချက်ပေးရဦးမည်မလား ။
ဟန်ဘင်းချက်ရမည့် ဟင်းသီးဟင်းရွက်နဲ့ အသားတွေထုတ်နေတုန်း ဘေးကနေ ကုပ်ကုပ်လေးလာရပ်နေသည့် ဝူဟျွန်း
YOU ARE READING
Again
Fantasyရွေးချယ်ခွင့်နောက်တကြိမ်ရှိမယ်ဆိုရင်တောင် သူဟျောင်းကို ထပ်ချစ်ဖို့ ကြိုးစားချင်သေးတယ်