လွန်ခဲ့သော ၁၉နှစ်....
ဟန်ဘင်း အထက်တန်း ပထမနှစ် တန်းခွဲ Cဆိုသော အခန်းရှေ့တွင် ရပ်နေပြီး သူ့လက်ထဲက အင်္ကျီပိုင်ရှင်လေးကို လိုက်ရှာနေမိတော့ အတန်းရဲ့ ပြတင်းပေါက်ဘေးက နောက်ဆုံးခုံတွင် မှောက်အိပ်နေသော ကောင်လေး ။ ထမင်းစားဆင်းချိန်ရောက်နေပြီဖြစ်၍ အတန်းထဲရှိ လူများပင် ကန်တင်းသို့သွားကြပြီဖြစ်ရာ လူအနည်းငယ်သာကျန်ခဲ့သည် ။
" ဆော့မက်သရူး "
ဟန်ဘင်း ထိုကောင်လေးဘေးနားလျှောက်ထားပြီး နံမည်ခေါ်လိုက်တော့ အိပ်ချင်မူးတူးမျက်နှာ မှူန်ကုတ်ကုတ်နဲ့ သူ့ကိုပြန်ကြည့်လာသူ ။" အင်္ကျီလျှော်ပြီးပြီမို့ လာပေးတာ "
ဘာတခွန်းမှ ပြန်မဖြေပဲ အင်္ကျီအိတ်ကို ဆွဲယူပြီး ခုံပေါ် တဖန်ပြန်မှောက်အိပ်ဖို့ ကြိုးစားနေသော ကလေးစုတ် ။" ဆော့မက်သရူး မင်းနေ့လည်စာ သွားမစားဘူးလား ဘာလို့ အိပ်ပဲအိပ်နေတာလဲ "
ဟန်ဘင်းမေးတော့ ခင်များနဲ့ ဘာဆိုင်လဲဆိုသည့်အကြည့်ပေစောင်းစောင်းနှင့်ကြည့်လာပြီးမှ
" တနပ်လောက် မစားလို့ ဘာမှမဖြစ်သွားဘူး "
"......"
" ခင်များ မသွားသေးဘူးလား ကျွန်တော် ပြန်အိပ်ရဦးမှာလား "
"အိုခေ အိုခေ ကိုယ်သွားပြီ "ဟန်ဘင်း အတန်းထဲက ထွက်လာသော်လည်း စိတ်ထဲ ထိုကောင်ငယ်လေးက မှူန်ကုပ်ကုပ်ရုပ်လုပ်နေသော်လည်း တမျိုးတဖုံ သနားစရာကောင်းသည်ဟု ခံစားရသည် ။
"ဟန်ဘင်း ဒီမှာ နင့်အတွက်နေရာဦးထားတယ် "
ဟန်ဘင်း ကန်တင်းကိုရောက်တော့ ယူနာက လက်ပြပြီး လှမ်းခေါ်နေသည် ။ ဟန်ဘင်းပြုံးပြပြီး လွတ်နေတဲ့ခုံဆီ ဝင်ထိုင်ရင်း
" ငါတို့ယူနာက အကောင်းဆုံးပဲ " ဆိုတော့ ယူနာက ရှက်ဝဲဝဲမျက်နှာနှင့် သူ့ကိုပြန်ရယ်ပြလာသည် ။
ငယ်ငယ်ထဲက ရင်းနှီးလာခဲ့လို့လားမသိ ဟန်ဘင်းမျက်လုံးထဲတွင်တော့ ယူနာက ဖြူစင်ပြီး သူကာကွယ်ပေးရမည့် ညီမလေးတယောက်လိုပင် ။" ယူနာ အခန်းအရင်ပြန်နှင့် ငါ ကိစ္စလေးရှိသေးလို့ "
ဟန်ဘင်းပြောပြောဆိုဆိုနှင့် ထထွက်သွားပြီး စားကောင်းမည်ထင်သည့် ပေါင်မုန့်တလုံးနှင့် ချောကလက်နို့တဘူးဝယ်ကာ ဆော့မက်သရူးရှိရာ အတန်းဆီ သုတ်ခြေတင်ရတော့သည် ။ ထမင်းစားချိန်က ပြည့်ခါနီးပြီ ကောင်စုတ်လေး နေ့လည်စာ မမှီပဲနေမှာ သူစိုးရိမ်မိသည် ။ အတန်းရှေ့ကနေ လှမ်းကြည့်တော့ သူထွက်သွားတုန်းက ပုံစံအတိုင်း အိပ်နေသည့်ကောင်လေး ။
![](https://img.wattpad.com/cover/359248211-288-k843214.jpg)
YOU ARE READING
Again
Fantasyရွေးချယ်ခွင့်နောက်တကြိမ်ရှိမယ်ဆိုရင်တောင် သူဟျောင်းကို ထပ်ချစ်ဖို့ ကြိုးစားချင်သေးတယ်