မိုးတွင်းကာလတောင်ရောက်လို့လာပြီ..တစ်ဖြောက်ဖြောက်နဲ့ကျဆင်းနေတဲ့မိုးစက်လေးတွေကို ပြတင်းပေါက်မှန်မှတစ်ဆင့်ငေးကြည့်ရင်း ရောက်တတ်ရာရာတွေးတောနေမိလျက်သား...
ငယ်စဉ်ကဆို မိုးရွာတာနဲ့အပြင်ထွက်ဆော့ခဲ့တဲ့သူ့အကျင့်ကအခုလေတော့ ဘယ်ဂျောင်မှာကပ်နေလဲရယ်တော့မသိပါ....ခါတိုင်းလို ကလေးဆန်ဆန်လမ်းသလားနေတတ်တဲ့သူက အခုလိုမျိုးရင့်ကျက်လာတဲ့ လူတစ်ယောက်ဖြစ်လာမယ်လို့လဲ မထင်ခဲ့မိပါ...
အဲ့ထက်ဆိုးတဲ့အရာကတော့ ကလေးဆန်ဆန်စိတ်နဲ့ကောင်လေးတစ်ယောက်ကို နေ့ချင်းညချင်းချစ်မိသွားခဲ့တဲ့ သူ့စိတ်ကိုသူကိုယ်တိုင်တောင်ဘယ်လိုနားလည်ရမှန်းအဖြေရှာမတွေ့ခဲ့ရုံပါ..
စိတ်ကစားတတ်တဲ့အရွယ်လေးမို့ ဒီတိုင်းခဏတာစိတ်ယိုင်တာပါလို့ဖြေသိမ့်ခဲ့ပေမဲ့လည်း ပျောက်မသွားတဲ့အချစ်စိတ်တွေကအသက်အရွယ်ရလာတာနဲ့အမျှ ပိုတောင်ဆိုးလာခဲ့သည်ဟုတောင် အထင်မှတ်ရသည်။
"သားရေ Fourth လာတယ်ကွယ်"
အိပ်ခန်းထဲမှာငိုင်နေတဲ့သူဟာ Fourth ဆိုတဲ့နာမည်လေးကြားရုံနဲ့တင်ကိုခေါင်းထောင်လာခဲ့မိသည်။
"ဝင်မယ်နော် Gemရေ!!!"
အော်သံဖြင့်ပြောရင်းတံခါးကိုဖွင့်ချလာတဲ့ Fourth မှာ school Uniform အပြည့်အစုံဖြင့် ကျောပိုးအိတ်လေးလွယ်ကာ အလှပဆုံးအပြုံးချိုချိုလေးနဲ့ရယ်ပါ
"ဟိတ်! Gem ထ ကျောင်းသွားမယ် ထထ"
Sofaပေါ်မှာထိုင်ရင်း ကြည့်နေတဲ့သူ့ကို လက်ကနေအတင်းဆွဲရင်း ထူလိုက်တဲ့ Fourth ဟာ အားတွေတောင်အတော်သုံးလိုက်ရတဲ့ပုံစံပါဘဲ...
"ဘယ်လိုဖြစ်ပြီးတက်ကြွနေရပြန်တာလဲ Fourth!"
ပြုံးပျော်နေတဲ့ဒီကောင်လေးဟာ သေချာပေါက်အကြောင်းအရင်းမရှိဘဲနဲ့တော့ ခုန်ပေါက်နေမဲ့လူစားမျိုးမဟုတ်ချေ...
"မင်းကလဲကွာ ငါဒီအပတ်ဟိုအလှလေးကိုလိုက်မလို့လေကွာ အဲ့တာဟီးဟီး"
"အော်"
ဒီလိုမျိုးစိတ်ကစားတတ်တဲ့ကောင်လေးတစ်ယောက်ကိုချစ်မိလေတဲ့သူ့အဖို့ရယ်တော့ ဒီတစ်လုံးကလွဲကျန်တဲ့စကားလုံးပြောဖို့တောင်ရှာကြံမရတဲ့အနေအထားလေးပေါ့...