10🧸

477 50 14
                                    

အချိန်အားဖြင့် မနက်10နာရီ...Gemနဲ့သူဟာမနက်စာစားပြီး ဧည့်ခန်းမှာ TVကြည့်နေတာဖြစ်သည်...

"Gem"

"ဟမ် ဘာလဲ"

TV screen ပေါ်အကြည့်ရောက်နေသည့်Gemဟာသူ့ဘက်ကိုအသံသာလာသည်..ခေါင်းလှည့်မလာပေ။

"Ai Gemလို့"

"အင်းလေ ပြောလို့ ဘာလဲ Fourthရဲ့"

ခုထိကိုလှည့်မလာသေးသည့်Gemဟာသူ့ဒေါသစိတ်ကိုများတမင်စမ်းသပ်နေသလား...

"Gem!!"

ပုခုံးစွန်းကိုဖြတ်ခနဲလှမ်းရိုက်ကာအော်ချလိုက်မှသူ့ဆီသို့အကြည့်ရောက်လာသည့်Gem..

"ပြောလေ ကိုယ့်ဘာလုပ်ပေးရမလဲ ပြော"

"ဟွန်း ငါပျင်းတယ် City mallသွားမယ် မင်းလိုက်ပို့ပေး"

ထော်နေတဲ့နှုတ်ခမ်းလေးအားနမ်းပစ်ချင်စိတ်တွေသာကြီးစိုးနေသည့်Geminiတစ်ယောက် fourth စကားသံတွေကို ကြားတစ်ချက်မကြားတစ်ချက်....

"Gem ကြားလား ငါပြောတာ"

"Hmm ဟုတ်ပြီ ဟုတ်ပြီ သွားကြမယ်လေ လာ"

ခပ်သွယ်သွယ်လက်လေးအားဆွဲကိုင်ကာသူ့အိမ်ဘက်သို့ထွက်လာခဲ့သည်...ကောင်ငယ်လေးအတွက်ဆို အရာရာကိုဖြည့်ဆည်းပေးနိုင်ရမယ်မဟုတ်လား။
...........

"Mae သားအပြင်ခဏသွားမယ်နော်.."

ကောင်ငယ်လေးကိုဧည့်ခန်းတွင်ထားကာအခန်းထဲသို့အပြေးတက်လာခဲ့သည်..နံရံတွင်ချိတ်ထားသော ၂ကြိမ်မျှသာအသုံးပြုရသေးသည့် ကားသော့အားဆွဲယူကာ ပြန်ဆင်းလာခဲ့၏..

ရုတ်တရက်မြင်တွေ့လိုက်ရတဲ့မြင်ကွင်းလေးဟာသူ့နှုတ်ခမ်းပါးထက်အပြုံးတစ်ချို့ကိုပေါ်ပေါက်စေခဲ့သည်။

"Ohh..Phawက Fourthနဲ့စကားကောင်းနေတာဘဲ"

လှေကားထက်ကအမြန်ပင်ပြေးဆင်းလာခဲ့ပြီး ကောင်ငယ်လေးရှိရာသို့ခပ်သွက်သွက်လျှောက်သွားလိုက်၏...

"မတွေ့ရတာကြာတော့ သားFourthလေးတောင်တော်တော်ကြီးနေပြီ..ပထမတစ်ခေါက်တွေ့ခဲ့တုန်းက ငယ်ငယ်လေး"

Phawစကားကိုသဘောတကျဖြင့်ခေါင်းငြိမ့်နေသည့်ကလေးဟာချစ်စရာကောင်းသည်...ပုခုံးလေးအားခပ်ဖွဖွလှမ်းပုတ်လိုက်ရင်း..

𝐀𝐢𝐦𝐞𝐝 𝐀𝐭 𝐇𝐢𝐦..☼︎Where stories live. Discover now