5🧸

380 43 14
                                    

{𝐂𝐚𝐧𝐝𝐲 𝐂𝐨𝐟𝐟𝐞𝐞}

ဆိုင်ရှေ့တွင်ခေတ္တမျှခြေစုံရပ်ရင်း အသက်ကိုခပ်ပြင်းပြင်းရှုလိုက်သည်..စိတ်ကိုအတတ်နိုင်ဆုံးလျှော့ချလိုက်ကာ

ခုန်နှုန်းမြင့်မားနေသည့်နှလုံးသားနေရာအားဖိနှိပ်လျက် ဆိုင်အတွင်းသို့ဝင်လာခဲ့သည်...

"Nong"

ထောင့်တစ်နေရာတွင်နေရာယူထားဟန်တူသည့် သူ့ရဲ့ Phiဟာလက်လေးလှမ်းပြလာ၏။

"Phi!"

အလှပဆုံးပြုံးလိုက်ရင်းခုံဝိုင်းဆီသို့ခပ်သွက်သွက်လျှောက်သွားလိုက်ရင်း Phiရှေ့ရှိခုံအား ဆွဲထုတ်ကာနေရာယူလိုက်သည်..

"ဘာစားမလဲ မှာလေ"

"အင်း ဟို Phiအဆင်ပြေတာမှာလိုက် ကျတော်ကြိုက်တယ် ဟီး"

Phiဟာသူ့စကားကိုခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် အနားတွင်ရပ်နေသော waiter အား ကော်ဖီနှစ်ခွက်နှင့် ကိတ်အချို့ကို မှာယူခဲ့သည်။

Waiter ထွက်သွားတော့ နှစ်ယောက်ကြားလေထုဟာအတော်အတန်ကြာတဲ့အထိတိတ်တဆိတ်ဖြင့်သာ..

နေမထိထိုင်မသာတော့သည့်သူကပင် ဖုန်းသုံးနေသော Phi အား စကားစလိုက်ရပြန်သည်။

"Phi ဟိုလေ ကျတော့်ကို ဟိုဟာ..."

သူ့လက်အစုံဟာ တုန်ယင်နေခဲ့ပြီး စကားတွေဟာလဲ Phiရှေ့မှောက်တွင်တော့ အထစ်ထစ်အငေါ့ငေါ့ပင် ဖြစ်လို့နေပြီ...

စိတ်တွေတောင်ပုံမှန်မဟုတ်ချင်တော့...

"အင်း ကိုယ်မင်းအချစ်ကို လက်ခံပေးမယ်"

Fourth Nattawat လောကကြီးကိုမေ့လျော့သွားခဲ့သည့် မိနစ်ပိုင်း....ပဲ့တင်ကြားနေရသောအသံဟာ ထင်ရှာပြတ်သားစွာ..

(ကိုယ်မင်းအချစ်ကို လက်ခံပေးမယ်)

အံ့ဩလွန်းလို့ သူ့ခမျာလှုပ်တောင်မလှုပ်နိုင်တော့...ပါးစပ်အဟောင်းသားဖြင့် Satang ကိုငေးကြည့်နေခဲ့သည်မှာသူကိုယ်တိုင်ပင် သတိမထားမိခဲ့တော့ပါ.....

"Nong Nong Fourth fourth!!!"

ပုခုံးအားအသဲအသန်ကိုင်လှုပ်လေမှအသိဝင်လာတဲ့ Fourth...

𝐀𝐢𝐦𝐞𝐝 𝐀𝐭 𝐇𝐢𝐦..☼︎Where stories live. Discover now