2🧸

485 64 8
                                    

"Fourth ကိုယ့်ကိုစောင့်အုန်း!!"

အလျင်အမြန်ပြေးထွက်သွားခဲ့တဲ့ Fourthနောက်သို့Geminiတစ်ယောက်အမှီလိုက်ရလွန်းလို့ မောလဲဆို့ရချေတော့မည်။

"အောင်း..!Gem. မြန်မြန်လာပါ ငါကားဂိတ်မှာကောင်မလေးနဲ့ချိန်းထားတယ်ကွ"

စကားတစ်ခွန်း....နောက်ဆက်တွဲစကားလုံးအချို့သူ့ရင်အရှိုက်တည့်တည့်ကိုကျည်ဆံနဲ့ပစ်ထည့်လိုက်သလိုပါဘဲ...

"သွားနှင့် ကိုယ်ပြီးရင်လိုက်လာခဲ့မယ်"

ဝေ့တက်လာတဲ့မျက်ရည်စတွေကိုမကျအောင်ထိန်းရင်း ခေါင်းကိုအောက်စိုက်ချကာလက်ဟန်ဖြင့်ပြရင်းအော်ပြောလိုက်သည်။

"အင်းအင်း ဒါဆိုမြန်မြန်လာနော်"

ပြုံးပျော်ရင်းပြန်ပြေးထွက်သွားတဲ့ကလေးငယ်ကြောင့် ဝမ်းနည်းနေရင်းတောင်‌ပြုံးမိနေပါသေးသည်....ချစ်လွန်းလို့ချုပ်ချယ်ထားမှာထက်စာရင် လုပ်ချင်တာကိုစိတ်တိုင်းကျပေးလုပ်လိုက်တာကလည်း အချစ်ပါဘဲ....

အချစ်ဟာအမျိုးမျိုးအဖုံဖုံရှိနေပေမဲ့ သူ့အချစ်ကတော့နာကျင်မှုဖြင့်စွန့်လွှတ်အနစ်နာခံခြင်း ခေါင်းစဉ်လေးနဲ့အချစ်ပေါ့~

အမောဖြေရန်အနီးနားရှိကားဂိတ်တစ်ခုမှာထိုင်လိုက်ရင်း လက်ပတ်နာရီကိုတစ်ချက်ကြည့်လိုက်သည်။

အိမ်နှင့်ဒီကိုအသေအလဲပြေးထွက်လာခဲ့တာနာရီဝက်လျှောက်ရသောအကွာအဝေးကို သူတို့တွေ၁၅မိနစ်ထဲနှင့်ရောက်လာကြသည်။ဒီကလေး ဘယ်လိုတောင်အပြေးမြန်လိုက်သလဲ?

ခဏတာအမောဖြေပြီးနောက် ကောင်ငယ်လေးနောက်သို့လိုက်မည်ကြံတော့ မှတ်တိုင်ရှေ့သို့ကျောင်းကားရောက်လာသည်...

အစက‌တော့မလိုက်ဟုတွေးပေမဲ့ကောင်ငယ်လေးနဲ့သူ့ချစ်သူအနေခက်မည်စိုးတာကြောင့်ကားလဲရှိနေလေတော့မထူးတာနှင့် လိုက်သွားလိုက်မည်ဟုတွေးရင်း ကားပေါ်သို့တက်လာလိုက်၏။

နာကျင်ရပြန်ပြီ....မြင်လိုက်ရတဲ့မြင်ကွင်းဟာမမြင်ချင်ပါသော်လည်း တက်တက်ခြင်း‌ကိုကွင်းကွင်းကွက်ကွက်ကြီးဖောက်မြင်နေရသည်ပင်....

𝐀𝐢𝐦𝐞𝐝 𝐀𝐭 𝐇𝐢𝐦..☼︎Where stories live. Discover now