11🧸

286 29 10
                                    

After about a week...

ဒီကြားတွေထဲသူနဲ့Gemရဲ့ဆက်ဆံရေးဟာတစ်ဖြည်းဖြည်းပြောင်းလဲလာခဲ့သည်...ဆက်ဆံရေးဆိုပေမဲ့ ဘာဆက်ဆံရေးမှန်း ခေါင်းစဉ်ရေရေရာရာမရှိ..

သူငယ်ချင်းလဲမဟုတ်တော့သလိုရည်းစားလဲအဖြစ်သေး..ပြောရရင်တော့သူငယ်ချင်းနဲ့ရည်းစား ဆက်ဆံရေးကြားက အခြေအနေတစ်ခုမှာပေါ့.!

P'satangနဲ့က လွန်ခဲ့တဲ့နှစ်ရက်လောက်ကမှပြတ်ခဲ့သည်..p'‌စေ့စပ်ထားသည့်Winny ဆိုသောလူအကြောင်း Gemini သိသွားခဲ့ချိန် p'အား "သူ့ကိုအပျော်တွဲရမလား" ဟုဆိုကာဆွဲထိုးခဲ့ခြင်းကြောင့် ပြဿနာဖြစ်၍ပြတ်ခဲ့ရခြင်းသာ...

ဒါကလည်းတစ်ခုကိုစိတ်အေးသွားစေတာဘဲ...Gem သာမသိခဲ့ရင် သူသာခွေးဖြစ်နွားဖြစ်ဆက်တွဲနေရင်သူကစနှိုက်ဖြစ်ဖို့နီးသထက်နီးလာအုန်းမှာလေ..

"ဟိတ်..!ဘာတွေတွေးနေတာလဲ ကိုယ့်ကိုသတိရနေတာလား"

Canteen မှာထိုင်ရင်းရောက်တတ်ရာရာတွေးနေတုန်း ပါးပြင်ပေါ်သို့အေးစက်တဲ့အထိအတွေ့နဲ့အတူအနားသို့ဝင်ထိုင်လာတဲ့ Gem..

"အောင်း Gem အေးတယ်!"

အအေးဘူးကိုပါးနားကပ်လိုက်တာကြောင့်တုန်တက်သွားတဲ့သူ့ကိုကြည့်ရင်း Gemဟာအသံထွက်အောင်ရယ်သည်...Gemရယ်သံလေးကချစ်ဖို့ကောင်းတယ်!

"ဘာတွေငေးမှိုင်နေတာလဲ ကိုယ့်ကိုပြောပြလို့ရတယ်နော်"

ခေါင်းသာခါပြလိုက်ရင်း ယူလာပေးသည့်အအေးဘူးကိုသာသောက်နေလိုက်သည်..ပြန်တွေးကြည့်တော့လဲ သူဒုက္ခရောက်ချိန်တိုင်းအမြဲလိုလို Gemကအနားမှာရှိပေးနေခဲ့တာဘဲ..ဒါကိုသူကဘာလို့များမမြင်ခဲ့မိရတာပါလိမ့်??

"Gem"

"အင်းပြောလေ ဘာလိုလို့လဲ ကိုယ်ဘာလုပ်ပေးရမလဲ"

နာမည်လေးခေါ်လိုက်တာနဲ့ဒီလိုအမြဲအသင့်ဖြစ်နေတဲ့လူမျိုးမင်းတို့မှာရှိလား ရှိမှာလဲမဟုတ်ပါဘူး..

"ငါတို့ Dateကြည့်ရအောင်"

'ဖွီး!!အဟွတ်..အဟွတ်'

သောက်လက်စအအေးတွေဟာသီးသွားရတဲ့gemကြောင့် လန့်ဖြန့်ကာကျောကုန်းအား ပုတ်ပေးမိသည်..

𝐀𝐢𝐦𝐞𝐝 𝐀𝐭 𝐇𝐢𝐦..☼︎Where stories live. Discover now