9🧸

375 47 11
                                    

,.....................Next Morning....

‌Sandayမို့ဒီနေ့တော့လွတ်လပ်ရေးနေ့ဖြစ်သည်...မနက်စောစောထပြန်သွားတဲ့ကိုကိုဟာ သူနဲ့တောင်မနက်စာမစားသွားခဲ့ပါ...

ခပ်အုံ့အုံ့ဖြစ်နေတဲ့ကောင်းကင်ကြီးကိုမော့ကြည့်နေရာမှနှစ်အိမ်ကျော်လောက်ကGemအိမ်ဆီသို့အကြည့်ရောက်မိသည်...

ကံတရားကဘဲတမင်စီမံသလားရယ်တော့မသိ..ခြံရှေ့သို့ထွက်လာတဲ့Gemနဲ့ အကြည့်ချင်းဆုံဖြစ်သည်..သို့သော်လည်း ချက်ချင်းမျက်နှာလွှာချပစ်ခဲ့တာဟာ သူပါ...

စိတ်ဆိုးတာထက် ဒီရက်ပိုင်းတွေGemနဲ့အကြည့်ချင်းဆုံရင် ရင်တွေတအားခုန်သည်...ကော်ဖီကြောင့်ပြောရအောင်လဲသူက ကော်ဖီကို ညဘက်မဖြစ်မနေသောက်ရမှသာ သောက်သည့်သူမျိုး...

တစ်ချက်ပြန်လှည့်ကြည့်လိုက်တဲ့အချိန် သူအိမ်ဘက်သို့လျှောက်လာနေသည့် Gemကြောင့် အလျင်အမြန်ပင် အိမ်ထဲသို့ပြေးဝင်မိသည်...

*ဘာလာလုပ်တာလဲ*

..........................

ဒီနေ့ကျောင်းပိတ်သည်..ခပ်အုံ့အုံ့ဖြစ်နေတဲ့မိုးတိမ်တွေကြောင့် ခြံရှေ့ထိုင်ဖို့ သူထွက်လာခဲ့သော်လည်း စိတ်ကကောင်ငယ်လေးဆီသာ..

အလွမ်းပြေမျက်နှာလေးများတွေ့ရမလား လှမ်းကြည့်မိကာမှ သူ့ဆုတောင်းကိုဘုရားသခင်ကြားသွားပြီထင်ပါရဲ့...မြင်လိုက်ရတဲ့မျက်နှာလေးဟာ အဝေးကဆိုပေမဲ့ ချစ်စရာကောင်းသည်။

သူ့ကိုမြင်တော့ ချက်ချင်းအကြည့်လွှဲကာ အိမ်ထဲပြေးဝင်သွားတဲ့ကလေးငယ်...တစ်ချက်ပြုံးလိုက်ရင်း ထိုအိမ်ဘက်သို့ခြေဦးလှည့်လိုက်သည်...

"Fourth ကိုယ်ဝင်မယ်နော်"

အိမ်ထဲဝင်သွားသည့်ကလေးငယ်ဟာအခုတော့ခြေစလက်စပျောက်လို့ပင်...အိမ်ထဲသို့ဝင်လာရင်း နာမည်လေးအားအော်ခေါ်တော့ ဘောက်ဆက်ဆက် ပြန်ထူးသံလေးဟာ နားထဲစွဲကျန်နေလျက်...

"Fourth... Fourthရေ..ကြားလား"

"ဘာလဲ!"

မီးဖို‌ခန်းထဲကထွက်လာတဲ့အသံလေးကြောင့်သွားတွေပေါ်အောင်ပြုံးလိုက်ရင်း ထိုကလေးအနားသို့သွားလိုက်သည်။

𝐀𝐢𝐦𝐞𝐝 𝐀𝐭 𝐇𝐢𝐦..☼︎Where stories live. Discover now