သိနေခဲ့တာဘဲ......
ဒီရက်ပိုင်းတွေသူ့ရဲ့အခြေအနေအရပ်ရပ်ကိုသတိထားခဲ့မိတဲ့ Maeဟာ သူမပြောခင်ထဲကသူနဲ့ Fourth ရဲ့အခြေအနေကိုသိရှိပြီးသားဟုပြောလာသလို "မင်း Maeကြောင့်Phawအကုန်သိပြီးပြီသားငယ်" ဆိုတဲ့စကားက သူ့ကိုဆွံ့အသွားစေခဲ့သည်။
"ဒါ ဒါဆိုသားဒီလိုဖြစ်နေတာကို လက် လက်ခံတာလားဟင်"
မျက်ရည်စတွေနဲ့မေးခွန်းထုတ်တော့ Maeဟာသူ့နားသို့ဝင်ထိုင်ရင်း ရင်ခွင်ထဲသို့ဆွဲသွင်းခဲ့၏။
"သားရဲ့ဘယ်လိုဖြစ်တည်မှုမဆိုMaeတို့ကလက်ခံပေးနိုင်တာပေါ့ သားလေးသာပျော်ရွှင်ရမယ်ဆိုရင် ဘယ်အရာဖြစ်ဖြစ် Maeတို့က နားလည်ပေးရမှာဘဲလေ"
Phawကိုလှည့်ကြည့်ပြန်တော့ ခေါင်းငြိမ့်ပြသည့် ဒီအဖေဟာသူ့ရဲ့ဖြစ်တည်မှုကိုလက်ခံပေးနိုင်ပါသည်တဲ့....
မထိန်းထားနိုင်စွာပင် Maeရင်ခွင်ထဲမျက်နှာအပ်ရင်းငိုချခဲ့မိသည်... ဒီမိသားစုထဲ လူလာဖြစ်ရတာသိပ်ကိုကံကောင်း၏...ကုသိုလ်ကောင်းမှုများများလုပ်ရမည် ဒီမိသားစုထဲကိုထပ်ရောက်လာဖို့ အကြိမ်ကြိမ်ဆုတောင်းချင်ပါသည်လေ..
..........................................
9:00Amမနက်စာစားပြီးနောက် ကားထုတ်ကာ ကောင်ငယ်လေးရှိရာသို့ မောင်းလာခဲ့သည်..
တိုက်ဆိုင်စွာပင် အိမ်ထဲမှထွက်လာတဲ့နေကြာငယ်လေးအားမျက်တောင်မခတ်တမ်းစိုက်ကြည့်မိခဲ့ပါ၏...
မိုးပြာရောင် အင်္ကျီပွလေးနဲ့အဖြူရောင်ဘောင်းဘီတိုလေးကလိုက်ဖက်စွာ....ဖြူအုနေတဲ့နို့နှစ်ရောင်အသားအရေလေးကြောင့် ပေါင်တံသွယ်သွယ်လေးတွေဟာ ထင်းခနဲ...
*ဘာလို့ရယ်များအဲ့လောက်ထိလှရက်ရတာလဲ..သဝန်တိုလိုက်တာ*
"Gem အရင်ရုပ်ရှင်ကြည့်ရအောင်"
Passenger seat မှာဝင်ထိုင်ရင်းဆိုလာတဲ့နေကြာငယ်လေးကြောင့် ခေါင်းငြိမ့်ပြရင်း Cinema ရှိရာဆီသို့သာ ဦးတည်ရင်း...
............................................
"Fourth ပေါက်ပေါက်စားအုန်းမလား""Omm စားမယ်"