Gemini ဆီမှပြေးထွက်လာခဲ့ပြီးနောက်.. ကျောင်းနောက်ဘက်ရဲ့ လူသိနည်းတဲ့ နေရာလေးတစ်ခုသို့ ရောက်လာခဲ့သည်။
"Sorry P'satang ကျတော်နောက်ကျသွားတယ် ဟီး"
ခုံတန်းလျားလေးမယ်ထိုင်နေသည့် Satangဟာ Fourthအားမြင်လေတော့ ဘေးနားတွင်ထောင်ထားသောသူ့ဂစ်တာအိတ်ကိုကောက်လွယ်လိုက်ရင်း..
"ကျောင်းကလွှတ်နေပြီ အချိန်လဲမရှိတော့ဘူးဆိုတော့ နောက်မှတွေ့ကြမယ်လေ Nong"
ခပ်တည်တည်အမူအရာနဲ့အေးစက်စက်စကားပြောပုံတွေက အခြားသူအဖို့တော့မိမိုက်တဲ့ပုံံစံမျိုးဖြစ်နေပေမဲ့လို့ သူ့အမြင်မှာတော့ Phiဟာအရမ်းကိုချစ်ဖို့ကောင်းနေသည်..
သူ့အရှေ့ကနေထွက်ခွာတော့မည့် Phiလက်မောင်းအားအမိအရဆွဲယူလိုက်ရင်း
"ဟို ကျတော်တောင်းထားတဲ့အဖြေလေးကကောဟင်"
"ကိုယ်အခုကိစ္စနည်း"ရှိနေလို့ ညလောက်ကျ အေးဆေးပြောဖို့ Lineကနေခေါ်လိုက်မယ်"
မျက်နှာငယ်လေးဖြင့်မေးလိုက်သော်လည်း အချိန်ဆွဲချလိုက်သည့်Phi ကြောင့် မတတ်သာ လွှတ်ချပေးလိုက်ရပြန်ပြီ....
သူ့ကိုကျောခိုင်းလျက်သွား ထွက်ခွာသွားတဲ့ကျောပြင်ကျယ်ကိုကြည့်ရင်း ပြုံးနေမိသည်။
*ကျတော် Phiကို အတည်ချစ်မိသွားပြီဗျာ*
........................................................
ကံဆိုးမိုးမှောင်ကျလာရတဲ့အခိုက်အတန့်!လမ်းပေါ်တွင်ရှိသောခဲအချို့အား ဟိုကန်ဒီဖယ်ဖြင့်သာ အိမ်ပေါက်ဝသို့ရောက်လာခဲ့သည်။
"အမေ့ ကျတော်ပြန်ရောက်ပြီ မဟုတ်ဘူး အမေမှမရှိတာ"
တစ်ယောက်ထဲအတွေးပေါင်းစုံတွေးရင်းသာ ချာချာလည်နေသည့် သူ့အဖို့ အမေအိမ်တွင်မရှိသည်ကိုတောင် သတိမရနိုင်တော့ပါ..
စိတ်ကျရောဂါဖြစ်နေသည့်လူတစ်ယောက်အလား ငိုင်တိုင်တိုင်ဖြင့်သာ အိမ်ထဲသို့ဝင်ရင်း sofaပေါ်သို့ ပစ်လှဲလိုက်သည်။
"ဟူး....ပင်ပန်းလိုက်တာ"
သက်ပြင်းအကြိမ်ကြိမ်ချရင်းသာ အရိုက်ခံလာရသည့်ပါးအား ပွတ်နေမိ၏..