7🧸

388 48 24
                                    

ကျောင်းတက်ရမည့်မနက်ခင်း...

ခပ်စော‌စောထကာပြင်ဆင်စရာများကို ပြင်ဆင်လျက် Gemini အိမ်သို့သွားရန်ဦးတည်လိုက်သည်။

သို့သော်လှမ်းတဝက်တွင်ဂစ်တာတစ်လက်နှင့်ကိုကို့ ကိုတွေ့လိုက်ရသောအခါ ခြေလှမ်းများဟာအလိုလိုပင်ထိုလူရှေ့သို့ သွားမိလျက်သား..

"ကိုကို့ ဟီး"

သူ့ရှေ့သို့ဘယ်ကဘလိုရောက်ချလာမှန်းမသိသော‌ကောင်လေးအား Satang တစ်ယောက်အံ့ဩမဆုံးပါ..

မတတ်နိုင်ချေ ရောက်လာသည့်အဆုံးတော့လူမှုရေးအရ ဖိတ်ခေါ်ရတော့မှာဘဲလေ..

"လိုက်ခဲ့ချင်လား Fourth အတူတူသွားကြမလား?"

အပြုံးဖြင့်ပြောလာသောကိုကိုအားကြည့်ရင်းခေါင်းငြိမ့်ပြလိုက်သည်..အင်္ကျီအိတ်ကပ်ထဲမှဖုန်းကိုထုတ်ကာ Gemini ဆီသို့မလာနိုင်တော့ကြောင်း စာပို့လိုက်၏...

Ting*

Gem Gem📨
"Inn"

ခပ်တိုတို Reply တစ်ခုကြောင့် Reactionသာပေးရင်း ကိုကို့ဆီသို့အကြည့်ပို့လိုက်သည်။

"ရောက်ဖို့သိပ်မလိုတော့ဘူး ကိုကို ကျတော်တို့လမ်းလျှောက်ကြမလား?"

သူ့အကြုံပြုချက်ကိုလက်ခံသည့်ကိုကိုနှင့်အတူတူ စကားတစ်ပြောပြောဖြင့်သာကျောင်းရှေ့သို့ရောက်လာကြသည်...

ခပ်လှမ်းလှမ်းတွင် Geminiအားတွေ့လိုက်ရသော်လည်းခဏသာ..သူ့ကိုမြင်တော့ Phuwin လက်ကိုဆွဲကိုင်ရင်း တစ်ဖက်သို့အလျင်အမြန်ထွက်ခွာသွားခဲ့သည်လေ..

*စိတ်များဆိုးနေလို့လား...*

သံသယစိတ်အနည်းငယ်ဖြစ်ပေါ်လာခဲ့သော်လည်း ကိုကို့၏စကားပြောသံတွေကြား ထိုအတွေးများဟာပျောက်ကွယ်လို့သွားခဲ့ပါသည်...

"တာ့တာနော် Fourth Lunch Timeကျတွေ့မယ်"

ခေါင်းကိုပုတ်ကာနှုတ်ဆက်စကားဖြင့်အခန်းဝသို့ပို့ပေးခဲ့‌သည့်ကိုကိုပေါက်စဟာ အများကြီးချစ်စရာကောင်းသည်..

အလှဆုံးအပြုံးကိုပြုံးပြရင်း ကိုကို့အားနှုတ်ဆက်ကာ အခန်းထဲသို့ဝင်လာခဲ့၏...

𝐀𝐢𝐦𝐞𝐝 𝐀𝐭 𝐇𝐢𝐦..☼︎Where stories live. Discover now