6🧸

369 47 13
                                    

ကျောင်းဝင်းကြီးရှေ့.....

Gemini တစ်ယောက်ငူငူငိုင်ငိုင်ဖြင့်သာရပ်နေမိသည်...ကျောင်းသား‌များတဖွဲဖွဲဝင်နေကြသည်ဆိုသော်ငြားလည်း သူ့မှာ ဝင်းထဲသို့ခြေလှမ်းချချင်စိတ်တစ်စက်မျှပင်မရှိ....

သက်ပြင်းကိုအကြိမ်ကြိမ်အခါခါချပစ်ရင်းသာ ကျောင်းတော်ကြီးအားကျောခိုင်းလိုက်သည်...သို့သော် အနောက်ဘက်ခပ်လှမ်းလှမ်းမှ သူ့အားခေါ်သံကြောင့်ဆက်သွားမည့်ခြေလှမ်းအချို့ကို ရပ်တန့်ပစ်လိုက်၏။

"Ai Gem!!!! နေအုန်းဟ"

အသံအောင်အောင်ဖြင့်အော်ချလျက်သူ့အနားကို လျှပ်တပြတ်ရောက်ချလာသည့် သူငယ်ချင်းဖြစ်သူအား သူ့ခမျာ ကြောင်တောင်တောင်အကြည့်ဖြင့်သာ...

"ဘယ်ကိုတုန်း လစ်မယ်ဆိုလည်း သူငယ်ချင်းကိုနည်းနည်းပါးပါးခေါ်ယူလေ သကောင့်သားရဲ့"

"Phuwin ငါဒီနေ့စိတ်ညစ်နေတယ်ကွာ ဟုတ်လား တိတ်တိတ်နေစမ်းပါ"

မျက်နှာမကောင်းဖြင့်ပြောလိုက်သည့် သူ့စကားကြောင့်phuwinလည်းခဏတာတော့ငြိမ်ကျသွားသည်...

အစကတော့သူအော်လို့ငြိမ်တယ်ထင်ပြီး ပြန်တောင်းပန်မလို့လှည့်ကြည့်မိကာမှ တစ်ထောင့်တစ်နေရာကိုစိုက်ကြည့်နေ‌သည့် Phuwin နှင့်အတူ....ခပ်ဝေးဝေးမှလျှောက်လှမ်းလာသော Fourth နှင့် Satang မှာရယ်မောနေကြရင်းသာ...

"Ai Gem ဒါက"

သူ့ဘက်သို့လှည့်ပြောလာသည့် Phuwin မှာအံ့ဩခြင်းများစွာပါဝင်သည့်အကြည့်များဖြင့်...

"အင်း ရှင်းပြမှာမို့ လိုက်ခဲ့"

မမြင်ချင်တော့သောမြင်ကွင်းကြီးအား မျက်နှာလွဲချလိုက်ရင်း Phuwin လက်ကိုကောက်ဆွဲကာ ထိုလူများနှင့်ဆန့်ကျင်ဘက်အရပ်သို့ထွက်လာခဲ့သည်။

နောက်ကလိုက်နေရရှာသည့် Phuwinခမျာတော့ ခုအချိန်မှာဆွံ့အလျက်..

....................... Diamond City................

စိတ်ရှုပ်ရှုပ်ဖြင့် ကျောင်းနဲ့ဝေးအေးရော* အတွေးကြီးနှင့်သာ Busစီးလျက် တွေ့ရာမှတ်တိုင်တွင်ကောက်ဆင်းလိုက်သည်။

𝐀𝐢𝐦𝐞𝐝 𝐀𝐭 𝐇𝐢𝐦..☼︎Where stories live. Discover now