"မောင် ဘာဖြစ်နေတာလဲဟင် တစ်ခုခုများအဆင်မပြေဖြစ်လို့လားလို့"
Canteen ထဲမှာငူတူတူငိုင်တိုင်တိုင်ကြီး ဖြစ်နေတဲ့ Fourth ဟာ တစ်မနက်လုံးပျော်ရွှင်နေရာကနေ ချက်ချင်းကြီး စိတ်အမှောင်ကျသွားတာဟာ အခြားတော့မဟုတ်တန်ရာ...
"ဟင် အမ်း ဘာမှမဟုတ်ပါဘူး မ မောင်အလုပ်လေးတစ်ခုရှိလို့ နောက်မှတွေ့မယ် တာ့တာ"
"ဟမ် အယ် မောင်!!ဘာလဲဟ အတန်းချိန်၁ချိန်တောင် မပြည့်သေးဘူး ဟွန့်"
လွယ်အိတ်ကိုကောက်ဆွဲကာ ကပျာကယာပြေးထွက်သွားတဲ့ သူဟာတစ်ခုခုကိုစိုးရိမ်ပူပန်မှုတွေ အုပ်စိုးနေတဲ့အတိုင်းပါဘဲ...
အတန်းရှေ့အရောက် ဆရာအထွက်... Nattawat တို့ ကံနိမ့်နေတာများလား?
"Fourth Nattawat မင်းအတန်းချိန်ပြေးတာလား ဟမ်! "
"မ မဟုတ်ပါဘူး ဆရာနောက်ကျတာ ကျတော်နောက်ကျတာ"
"တိတ်စမ်း ခုလာခဲ့ ဒီနားကို"
တုတ်တစ်ချောင်းဆွဲယူကာရပ်စောင့်နေတဲ့ ဆရာ့ဆီသို့ မသွားချင်သွားချင်နဲ့ရောက်သွားခဲ့ရပါတော့သည်။
"ဒူးထောက်အဲ့နားမှာ"
"ဟုတ်"
ငိုမဲ့မဲ့မျက်နှာလေးနဲ့ ဒူးလေးထောက်နေရတဲ့ ကောင်ငယ်လေးကိုကြည့်ရင်း Gemini ခမျာ ရင်ထဲမှာဗလောင်ဆူလို့ နေရပါပြီ...
"Phuwin ငါကလေးကို ဘယ်လိုလုပ်ပေးရင်ကောင်းမလဲဟင် ငါမကြည့်ရက်တော့ဘူး"
Phuwin လက်မောင်းကိုအတင်းကိုင်လှုပ်ရင်းပြောနေသည့် သူ့အား Phuwin မှ ထိုင်ခုံပေါ်ကနေ ကန်ချလိုက်တော့သည်။
"ဆရာရေ သားကို Gemini လိုက်စနေတယ်!"
Phuwin ၏အသံအောင်"ဖြင့်အော်မှုကြောင့် သူ့ခမျာ ကြောင်လျက်သား...
"Gemini Norawit မင်းလဲလာခဲ့"
သမိုင်းဆရာ၏ခေါ်သံကြောင့်ထကာ ဆရာဆီသို့သွားလိုက်သည်..ဒါက Phuwin ရဲ့ဉာဏ်နီဉာဏ်နက်ထဲကတစ်ကွက်ဘဲလား?
ဘေးချင်းယှဉ်လျက်ဒူးထောက်နေရတဲ့ ကောင်ငယ်လေးစိတ်ထဲဝမ်းနည်းနေမလား သူမသိပေမဲ့ သူကတော့တစ်ကယ်ပျော်ပါသည်..