အချိန်အားဖြင့် ည 8:00လောက်တော့ရှိလိမ့်မည်...
Phuwinမှသူ့အားလမ်းထိပ်တွင်ချခဲ့ပြီး Kanonကိုပြန်ပို့ပေးရမည်ဟုဆိုကာမောင်းထွက်သွား၏..
လွယ်အိတ်တစ်လုံးနှင့် မြောက်ကြွမြောက်ကြွဖြင့်သာအိမ်ရှိရာသို့လျှောက်လာခဲ့သည်..
ထိုစဉ်ရှေ့ခပ်လှမ်းလှမ်းမှမြင်တွေ့လိုက်ရတဲ့ Fourthဟာ လက်ထဲတွင်လဲ အထုပ်တစ်ချို့ကိုင်လျက်...
ဝိုင်းကူရန်ခပ်သွက်သွက်ပြေးသွားလိုက်သော်လည်း ခဏအကြာ Fourth နားသို့ရောက်လာသည့်လူတစ်ယောက်ကြောင့်ခြေလှမ်းများဟာအလိုလိုရပ်တန့်လျက်သား..
Fourth အနားသို့ရောက်လာလေတဲ့ Satangဟာ ကောင်ငယ်လေး၏လက်ထဲရှိအထုပ်အချို့ကိုဝိုင်းကူဆွဲရင်း နှစ်ယောက်သား စကားတစ်ပြောပြောဖြင့် Fourth ခြံထဲသို့ဝင်သွားခဲ့ကြသည်။
သို့သော် အနည်းငယ်လောက်သာကွာဝေးသည့်သူ့ကိုတော့မမြင်ခဲ့ကြပါ...မမြင်တာထက် Fourth တစ်ယောက်သူ့အားမမြင်ချင်ယောင်ဆောင်သွားခဲ့တာကိုသူသိပါ၏...
သူပြေးလာသည်ကို Fourthမြင်ခဲ့ပါသည်..သို့သော်ငြား မျက်နှာကိုတဖက်လွှဲချရင်းSatang ဘက်သို့လှည့်သွားခဲ့သည်က သူ့အားအရေးမပါဘူးလို့များသတိပေးလိုက်လေသလား...,
ခပ်ဝေ့ဝေ့တက်လာတဲ့မျက်ရည်စအချို့...ပျော်မြူးနေတဲ့စိတ်အစုံဟာအိမ်ရောက်ခါနည်းမှ အညွှန့်ကျိုးသွားသလိုမျိုး..
ပုံမှန်ထပ်ခပ်မြန်မြန်လမ်းလျှောက်ရင်း Fourth ခြံရှေ့အားလျှပ်စီးဖြတ်သလိုပင် ဖြတ်ချလာခဲ့သည်...ထပ်မနာကျင်ချင်တော့တာအမှန်ဘဲ...
အိမ်ရောက်တာနှင့်နွေးထွေးစွာစီးကြိုလာသည့်Maeကြောင့် သူ့မှာအဆင်ပြေသယောင်ဟန်ပန်ဆောင်ရင်း...
"သားလေး ရောက်လာပြီလား Maeစိတ်ပူနေတာ.."
"ဟုတ် Mae Phawကောဖုန်းဆက်လား"
နယ်မြို့တွေကိုတာဝန်ကျရာ လှည့်ပတ်အခြေချနေရသည့်သူ့အဖေဖြစ်သူမှာ တစ်ရက်မှတစ်ခါလောက်သာအိမ်နှင့်အဆက်အသွယ်လုပ်ဖြစ်ကြ၏...
အနေဝေးပေမဲ့ သံယောဇဉ်လေးကတော့ရှိကြပါသည်..မိသားစုစုစုံစုံလင်လင်မနေရပေမဲ့ Phaw ကျေးဇူးကြောင့်ဘဲ သူလိုချင်သမျှအကုန်ရနေခဲ့တာမဟုတ်ပါလား...