Unicode
.
.
အန်းချန်ချင်းလက်ထဲမှ စားချင်စဖွယ်ဖြစ်သော ထင်းရှုးစေ့သကြားလုံးကို ခွာလိုက်လျှင် မွှေးကြိုင်သောရနံ့ကို ထုတ်လွှတ်လာခဲ့သည်။ အန်းချန်ချင်းက သကြားလုံးတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်ပြီး ရနံ့များဖြင့်ပြည့်နှက်နေသည့် သကြားလုံးအရသာကို ခံစားလိုက်၏။ သူ့မျက်လုံးများကို ခေတ္တမှိတ်ထားလိုက်ပြီးနောက် ပြောလိုက်သည်။"အရမ်း ချိုတာပဲ"
ရှောင်ကျစ်ကောက ဂရုတစိုက် ကြည့်နေလေသည်။ အန်းချန်ချင်း၏ချီးကျူးစကားများကို ကြားလိုက်ရသောအခါ သူ့မျက်ခုံးများမှာ ပြေလျော့သွားကာ ပြုံးလိုက်၏။ ရှောင်ကျစ်ကောက သူ့အပြုအမူကို ကြည့်နေသည်ကို အန်းချန်ချင်း မြင်လိုက်ရသောအခါ သူ၏ ပါးစပ်ထဲသို့ သကြားလုံးထည့်ပေးရန် အခွင့်အရေး ယူလိုက်လေသည်။ ရှောင်ကျစ်ကော၏စကားအား ပြန်သုံးကာ အန်းချန်ချင်းက ပြောလိုက်၏။
"ဝမ်ရယ့်အတွက် ဆုလာဘ်"
သူ့ကို ပေးလာသော သကြားလုံးကို ကြည့်ရင်း ရှောင်ကျစ်ကောသည် ပါးစပ်ဖွင့်ဟမပေးမီ တုံ့ဆိုင်းနေမိ၏။ အရသာရှိသည့် သကြားလုံးက ပါးစပ်ထဲ ပျံ့နှံ့သွားသော်လည်း သူ့လျှာကို ထိမိသွားသော နူးညံ့သောလက်ချောင်းလေးက စွဲမက်ဖွယ် ချိုမြိန်နေသည်ကိုသာ သူ သတိထားမိသည်။
သကြားလုံး အရည်ပျော်သွားသည့်တိုင်အောင် ချိုမြိန်မှုများက ကျန်ရှိနေခဲ့လေသည်။
အန်းချန်ချင်းသည် စက္ကူအိတ်လေးကို သူ၏ရနံ့မွှေးအိတ်ထဲသို့ သေသေချာချာ ထိုးသိပ်ထည့်လိုက်ပြီး ခါးတွင် ချိတ်ဆွဲထားလိုက်၏။ ထို့နောက် ရှောင်ကျစ်ကောကို ရနံ့မွှေးအိတ်တစ်ခု ပေးလိုက်သည်။
"အမေနဲ့ ယွီအာဆီကလေ။ တစ်ယောက် တစ်ခုစီတဲ့"
ရနံ့မွှေးအိတ်လေးကို ငါးအမြွှာပုံ ရွှေရောင်တစ်ကောင် အနီရောင်တစ်ကောင်စီဖြင့် ပန်းထိုးထားလေသည်။ အောက်ခြေတွင် "ရှောင်" ဟူသောစာလုံးကိုလည်း ထိုးထားသေးသည်။ ရှောင်ကျစ်ကောက အန်းချန်ချင်း၏ခါးတွင်ချိတ်ထားသော ထင်းရှူးစေ့သကြားလုံးများပါသည့်အိတ်ကို တစ်ချက် ကြည့်လိုက်၏။ ၎င်း၏ထောင့်တွင်လည်း "အန်း" ဟူသော စာလုံး ပါရှိသည်။
![](https://img.wattpad.com/cover/359430791-288-k63170.jpg)
YOU ARE READING
အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)
Ficción históricaBL/ Myanmar Translation