2

2K 236 1
                                    

လင်းယန်ရန်အား ဆူဆဲနေကြသည့် ပရိသတ်များသည် လင်းယန်ရန် ယခုလိုအချိန်တွင် အွန်လိုင်းပေါ် တက်လာမည်ဟု မထင်ထားခဲ့ပေ။

ဖျော်ဖြေရေးစက်ဝန်း၌ မုန်တိုင်းဒဏ်ကိုကြံ့ကြံ့ခံနေသည့် emoji တစ်ခုကြောင့် ပို့စ်တင်ပြီးမကြာ မှတ်ချက်ပေါင်းတစ်ထောင်ကျော်ရှိသွားပြီး Trending search ၏ နံပါတ်သုံးနေရာသို့ချိတ်သွားလေသည်။

ယန်ရန်....သူသည် ပွဲဦးထွက်စအချိန်ကနည်းက အပျက်သဘောဆောင်သော သတင်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ဇာတ်လမ်းထဲမှာဖော်ပြထားချက်အရတော့ သူနာမည်ကြီးတော့မည့်အချိန်၌ ရိုက်ချိုးခံခဲ့ရသည်။

နောက်ပိုင်းတွင် ဘယ်ကြေငြာ ဘယ်ရှိုးကမှ သူ့အား လက်မခံတော့ဘဲ သူ၏ကျော်ကြားမှုမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။သူသေဆုံးသွားသည့်အခါမှာတောင် သူ့အတွက် စိတ်မကောင်းဖြစ်ကျန်ခဲ့သည့် အမာခံပရိသတ်လေးအချို့သာ ကျန်ရစ်ခဲ့သည်။

သူပို့စ်တင်ပြီးမကြာ အမာခံပရိသတ်လေးအချို့က ရှေ့ထွက်ကာ သူ့ကိုကာကွယ်လာကြသည်။သို့သော်လည်း အင်တာနက်သုံးစွဲသူများ၏ ဆိုးဝါးသောမှတ်ချက်များအောက်၌ ဖုံးလွှမ်းခံခဲ့ရသည်။

လင်းယန်ရန်အား ဆယ်စုနှစ်ကြာ ပုံစံအမျိုးမျိုးဖြင့် ဆူပူကြိမ်းမောင်းခဲ့သည့် black fans များကလည်း ရုတ်တရက်ဝင်ရောက်လာပြီး အပျက်သဘောဆောင်သောမှတ်ချက်များကို ရေးလာကြသည်။

[ လမ်းမှားကို အဆုံးထိလျှောက်ဖို့ ပြင်ဆင်နေတာလား ]

[ တမင်သက်သက် သတင်းဖောင်းပွအောင် လုပ်နေတာရပ်ပြီး ထွက်သွားလိုက်တော့ ]

[ အခု မင်းကိုယ်မင်း သိသွားပြီဆိုတော့ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲက မြန်မြန်ထွက်သွားလိုက်တော့ ]

[ သူ့အရေက မြို့ကြီးတစ်မြိုစာလောက်အထိကို ထူလွန်းတယ် ]

[ဒရာမာအရမ်းများတော့ အန်တောင်အန်ချင်လာပြီ ]

[ ဝင်ပြီး မကောင်းတဲ့မှတ်ချက်တွေကိုပြောဆိုနေကြတဲ့ရေပန်းစားမှုကိုမြင်နေရတာက စိတ်ရှုပ်စရာကောင်းလိုက်တာ ]

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now