50

650 131 2
                                    

မင်းရှေ့မှာ သန့်စင်ခန်းရှိပြီး မဝင်ရတာထက် ပိုဆိုးတဲ့အရာ ရှိသေးလား ?

အပေါ့သွားချင်လွန်းလို့ ဆီးအိမ်တင်းကာပေါက်ကွဲလုမတတ်ဖြစ်နေတဲ့ ရှောင်ဝမ်က လင်းယန်ရန်အား မယုံကြည်နိုင်စွာကြည့်ပြီး

"ကော ဘာကိစ္စရှိလို့လဲ ? နောက်မှပြောရအောင်လေ။အရင်ဆုံး အပေါ့သွားပါရစေ။ကျွန်တော် တကယ်ထိန်းလို့မရတော့ဘူး။ထွက်ကျတော့မယ်"

ရှောင်ဝမ်က ရက်အနည်းငယ်အတွင်းမှာပင် လင်းယန်ရန်နှင့် ခင်မင်ရင်းနှီးသွားခဲ့သည်။ရက်အနည်းငယ်ကြာ ပေါင်းသင်းဆက်ဆံပြီးနောက်မှာတော့ လင်းယန်ရန်က  လူကောင်းတစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်ကလွဲပြီး ဘာကိုမှဂရုမစိုက်တတ်တဲ့လူတွေလိုမဟုတ်ဘဲ သူ့ပတ်ဝန်းကျင်ကဝန်ထမ်းတွေအပေါ် အလွန်ညှာတာထောက်ထားတတ်သူမှန်း သိလိုက်ရသည်။

ရှောင်ဝမ်က ဒီတစ်ကြိမ်မှာ သူ့အရမ်းကံကောင်းသည်ဟု တွေးနေမိသည်။ဒီလိုမှမဟုတ်ရင် ဒီလိုအကျင့်စာရိတ္တကောင်းတဲ့

အနုပညာရှင်နောက်ကို ဘယ်လိုက်လို့ရပါ့မလဲ။

ဒါပေမဲ့ သူ့သူငယ်ချင်းတွေကိုကြွားလုံးထုတ်ပြီးမကြာ လင်းယန်ရန်က သူ့ကို သန့်စင်ခန်းထဲမဝင်ဖို့ တားဆီးလာသည်။သူကလည်း စကားနားမထောင်ဘဲ မနေရဲ။

လင်းယန်ရန်ရှေ့မှာ သူနောက်ဆုံး လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ရတဲ့အနုပညာရှင်တစ်ယောက်ဆိုရင်  အစစအရာရာ အရာခပ်သိမ်း သူဘဲ အကုန်လိုက်လုပ်ရသည်။

သူ့စိတ်မကြည်လျှင် မကြည်သလို ၂၄ နာရီပတ်လုံး မတ်တပ်ရပ်ခိုင်းသည်က အကြိမ်ပေါင်းတောင် မရေမတွက်နိုင်တော့။သူ အရမ်းအိပ်ချင်နေတဲ့အချိန်မျိုးမှာတောင် တစ်ဖက်လူရေချိုးခန်းသွားချင်တဲ့အခါ အိပ်ချင်စိတ်ကိုမနညဖျောက်ပြီး ချိုးရေစပ်ပေးရသည် အစရှိသဖြင့်....

လင်းယန်ရန်မှ သူ့လက်ကိုကိုင်ကာ တားဆီးလာသည့်အခါ ယခင်က ဆိုးရွားခဲ့သောအတွေ့အကြုံတွေကို ချက်ချင်းသတိရသွားပြီး ခံနိုင်ရည်အား မြင့်တက်လာသည်။

သူ့လက်တွေ တဆတ်ဆတ်တုန်နေသော်လည်း လင်းယန်ရန်က သူ့တောင်းဆိုမှုကို လစ်လျူရှုကာ လက်ကိုမလွှတ်စတမ်း ဆုတ်ကိုင်ထားမြဲ။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now