10

1.6K 251 2
                                    


Chapter 10

"ဒီကလေးသုံးပစ္စည်းတွေကို ကိုယ်တိုင်သုံးဖူးတဲ့သူတွေမှသာ ထောက်ခံပေးလို့ရမှာ။ကောက ကလေးအဖေမဟုတ်တဲ့အတွက် ဒီထောက်ခံချက်တွေကို ငြင်းပယ်ဖို့ ယင်းယင်းကိုပဲ အကူအညီတောင်းရတော့မယ်"

ကိုယ်တိုင် မသုံးဖူးရင် ပြောပိုင်ခွင့် မရှိပါဘူး။

ကြော်ငြာရှင်များမှ ပေးဆောင်လာသော ထောက်ခံ ချက် အခကြေးငွေများသည် အလွန်စိတ်လှုပ်ရှား ဖွယ်ကောင်းသော်လည်း လင်းယန်ရန်သည် သူလက်ကိုင်ထားတဲ့ အဓိကခံယူချက်တွေကို လိုက်နာကျင့်သုံးဖို့ ရွေးချယ်ခဲ့သည်။

ယင်းယင်းအနေနှင့် ထိုကြော်ညာများကို ငြင်းဆန်ရန် နှ‌မြောမိသွားသော်လည်း လင်းယန်ရန်ပြောတဲ့စကားက ကျိုးကြောင်းဆီလျော်တယ်ဆိုတာကို တွေးမိလိုက်ပြီးနောက် သူမ နားလည်ပြီဖြစ်‌ကြောင်း

ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် လင်းယန်ရန်ကို ‌နောက်လာမည့်အစီအစဉ်အကြောင်း စတင်တင်ပြလာသည်။

"ကော...ထမင်းမြန်မြန်စားဦး..အခုပဲ ယာဉ် အန္တရာယ်ကင်းရှင်းရေး ပရိုမိုးရှင်းဗီဒီယိုကို ရိုက်ကူးရမယ်။"

ဒီနေ့ hot search တွင် ပုံမှန်မဟုတ်တဲ့အပြုသဘောဆောင်သည့်အကျိုးသက်ရောက်မှုကြောင့် ထိုကြော်ညာရှင်များသည် လင်းယန်ရန်ကို မျက်နှာသာပေးလာရုံသာမက ထူးထူးခြားခြားအထွေထွေထောက်ခံချက်များအတွက် မေတ္တာရပ်ခံချက်များကိုလည်း ရရှိခဲ့ပါသေးသည်။

မြို့တော်၏ ယာဉ်အန္တရာယ်ကင်းရှင်းရေး သံတမန်အဖြစ် ဆောင်ရွက်ရန်ပင်....

ဤအမည်သည် ကြီးကျယ်သောဂုဏ်သတင်းရှိပြီး ၎င်း၏တန်ဖိုးကို ငွေကြေးဖြင့် တိုင်းတာ၍မရနိုင်သည့်အပြင် ယေဘူယျထောက်ခံချက်များ အနေဖြင့်လည်း ပို၍ပင် တုပနှိုင်းယှဉ်လို့မရနိုင်ပေ။

နေ့လည်ခြောက်နာရီကျော်၌ ပရိုမိုးရှင်းဗီဒီယို ရိုက်ကူးရန် စီစဉ်ထားကြောင်း လင်းယန်ရန် ကြားသိလိုက်သောအခါတွင် သူသည် ငါးဟင်းရည် ကို အလျင်စလိုသောက်ကာ ယင်းယင်းနှင့် ရိုက်ကူး မည့်နေရာသို့ အမြန်ပြေးသွားခဲ့သည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now