55

854 141 6
                                    


လင်းယန်ရန် အနည်းငယ်စိုးရိမ်နေမိသော်လည်း ဟန်ကျွယ်ထက်သာလျှင်တော့ တော်ပါသေးသည်။

ခပ်မိုက်မိုက်စတိုင်လ်နဲ့ဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ ရက်ပါဟန်ကျွယ်ကတော့ ရှေ့လျှောက် နောက်လျှောက်လုပ်နေပြီး ဆံပင်တွေကို ဆွဲဖွလိုက် ဆွဲဆုတ်လိုက် လုပ်နေခဲ့သည်။

ထို့နောက် ဖိန်ချုံ့အနားသို့လျှောက်သွားလိုက်ပြီး "ချစ်စရာကောင်းတဲ့ရိုက်ချက်ဆယ်ချက် ကိုသိလား ? ဒီလိုပုံစံမျိုးလား? ဆိုပြီး မေးလိုက်သည်။

ပြောပြီးနောက် သူက လက်‌နှစ်ချောင်းထောင်ကာ နားရွက်နောက်ကပ်ပြီး တောင့်တင်းသောအမူအယာဖြင့် လုပ်ပြလာသည်။

ဖိန်ချုံက သရဲတစ္ဆေကိုမြင်လိုက်ရသလိုမျိုး အထိတ်အလန့်ဖြစ်သွားပြီး "ဘယ်လိုပုံစံမျိုးတွေ လာလုပ်ပြနေတာလဲ ?"

"မင်းရဲ့idol boy group ရဲ့ image ကိုသာထိန်းစမ်းပါ။ရက်ပ်ပါတစ်ယောက်က ဘယ်လိုချစ်ဖို့ကောင်းအောင် နေရမလဲဆိုတာ မသိတာ ပုံမှန်ပဲ"

ဖိန်ချုံ မမေးခင် ဟန်ကျွယ်က လင်းယန်ရန်ကိုလှည့်ကြည့်ပြီး ခြေတစ်လှမ်းစောကာ မေးလိုက်သံကိုကြားလိုက်ရသည်။ "ယန်ရန် မင်းရော ဘယ်လိုထင်လဲ?"

လင်းယန်ရန်က ပြန်မဖြေမီ ခေတ္တတုန့်ဆိုင်းသွားပြီးမှ အငြင်းစကားဆိုသည်။

"ဟင့်အင်း....မင်းနဲ့ လုံးဝ မလိုက်ဘူး"

ထိုစကားကို ထောင်ထောင်ကြားတော့ အူလှိုက်သည်းလှိုက်ရယ်မေရင်း "မစ္စတာဟန်..အရမ်းကြီး စိတ်လှုပ်ရှားမနေပါနဲ့။လာ။..ကျွန်မ သင်ပေးမယ်"

သူမက နည်းပြတွေထဲမှာ အတော်လေးစိတ်အေးလက်အေး နေနိုင်တဲ့တစ်ဦးတည်းသောလူဖြစ်သည်။သူမအတွက် မစ်ရှင်တိုင်းက အသေးအမွှားလေးဖြစ်နေတာကြောင့်လည်း အခုလိုစိတ်ဆအးလက်အေး နေနိုင်ခြင်းပင်ဖြစ်သည်။

ထို့ကြောင့် သူမသည် ဟန်ကျွယ်အား ချစ်စရာရိုက်ချက်ဆယ်ချက် ဆက်တိုက်ရိုက်နည်းကို စတင်သင်ကြားခဲ့သည်။

နည်းပြဆရာများက မစ်ရှင်များနှင့်ပတ်သတ်၍ ဘယ်လိုဖြေရှင်းမရလဲဆိုတာ စဉ်းစားနေစဉ် ခန်းမထဲရှိသင်တန်းသားတွေကတော့ စတင်မဲပေးနေကြပေပြီ။

You've reached the end of published parts.

⏰ Last updated: Oct 14 ⏰

Add this story to your Library to get notified about new parts!

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now