39

976 132 3
                                    


လင်းယန်ရန်သည် Ultraman စားသောက်ပြီးသွားသည်အထိ ခဏတဖြုတ်နေပေးခဲ့ပြီးမှ ပရိုဂရမ်အဖွဲ့စီစဉ်ပေးထားသော ထမင်းစားခန်းသို့ပြန်လာခဲ့သည်။

လင်းယန်ရန်ပြန်ထွက်မလာခင် ဝန်ထမ်းထံမှ ရေဇလုံတစ်ခုကိုတောင်းကာ ရေဖြည့်ပြီး ခွေးဝါလေးနားချပေးကာ ထွက်လာခဲ့ခြင်းဖြစ်၏ ။

သူထွက်လာခါနီးအချိန်တွင် လေအေးပေးစက်အောက်သို့ပြန်ဝင်သွားသော Ultraman မှာ သူ့ကိုငေးစိုက်ကြည့်ရင်း အီသံအချို့ပေးကာ ကလေးတစ်ယောက်လို ပြုမူတားဆီးလာသည်။

ခွေးကလေး၏အကြည့်တို့က သနားချင့်စဖွယ်လေးဖြစ်နေကာ သူထွက်သွားမှာစိုးသည့်အလား ခြေသည်းများကိုဆန့်ထုတ်လျက်ပင် တားဆီးလာခဲ့သေးသည်။

ကလေးဘဝမှအမှတ်တရများကိုပြန်သတိရမိပြီးနောက် ဤခွေးလေးကိုကြည့်မိတိုင်း သူ့အရင်ပျောက်သွားဖူးသည့်ခွေးလေး Ultraman နှင့်ပင် သွားဆင်တူကြောင်း ပိုမိုခံစားမိလာသည်။

လင်းယန်ရန် သွားနေရာမှရပ်တန့်လိုက်ပြီး Ultraman အား ပြန်လှည့်ကြည့်လိုက်၏ ။

သူတကယ်ပဲ ဒီခွေးလေးကို အိမ်ပြန်ခေါ်သွားချင်ပေမဲ့ အခုအ‌ချိန်မှာတော့ ပြန်ခေါ်မသွားနိုင်သေးပေ။

တစ်အချက်မှာ Ultraman လေးသည် ခွေးလေခွေးလွင့်ဖြစ်ပုံမရ။ တစ်အိမ်အိမ်မှပျောက်သွားသည့်ခွေးကလေးဖြစ်မှာကို စိုးရိမ်နေသည်။သူခေါ်ပြီး မွေးစားလိုက်သည့်အချိန်ကျမှ ပိုင်ရှင်အစစ်ကပြန်လာရှာပြီး ခွေးဝါလေးကိုမတွေ့ပါက ဝမ်းနည်းသွားမှာစိုး၍ပင်။

ဒုတိယအချက်မှာ သူငှားနေသည့်အိမ်ပိုင်ရှင်က ခွေးကလေးကို လက်ခံနိုင်ပါ့မလား။အိမ်အနီးအနားမှလူတွေများက သဘောတူကြည်ဖြူနိုင်ပါ့မလား။

တတိယအချက်မှာ ခွေးကလေးက အသာတကြည်ဖြင့် သူ့အိမ် လိုက်လာချင်ပါ့မလား။

ထို့အပြင် အရေးကြီးဆုံးအချက်မှာ သူသည် ဤခွေးလေးကို ကောင်းကောင်းဂရုစိုက်နိုင်စွမ်း ရှိ မရှိ ဆိုတာကိုပဲဖြစ်သည်။

အိမ်မွေးတိရိစ္ဆာန်မွေးမြူစောင့်ရှောက်ရန်မှာ ထင်သလောက်မလွယ်ကူ။စိတ်အားထက်သန်ရုံဖြင့် မပြီး။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now