14

2K 307 2
                                    


Chapter 14

လင်းယန်ရန်သည် သင်တန်းသားများနှင့် လမ်းခွဲပြီးနောက် အနားယူရန် ပရိုဂရမ်အဖွဲ့မှ စီစဉ်ပေးထားသည့် ဟိုတယ်သို့ ပြန်ရန် ပြင်ဆင်ခဲ့သည်။

‌ခြေလှမ်းအနည်းငယ်ခန့်သာ လှမ်းရသေးသည်။ ဖိန်ချုံ၏လေ့ကျင့်ရေးအခန်းကိုဖြတ်သွားသောအခါ တွဲဖက်တီးလုံး တီးခတ်နေသံကို ကြားလိုက်ရသည်။

သူ လမ်းလျှောက်နေရာမှရပ်ကာ သူ့ဘေးမှ ဝန်ထမ်းတွေကို အသံတိုးတိုးလေးနဲ့မေးလိုက် ။

"သူတို့အဖွဲ့က လေ့ကျင့်နေတုန်းလား"

ပရိုဂရမ်အဖွဲ့မှ အမျိုးသမီးငယ်တစ်ဦးက ခေါင်းယမ်းပြ၍ ပြန်ဖြေလာသည်။

"မဟုတ်ဘူး....ဒါက ချောင်ယဲ့ ပါ"

ချောင်ယဲ့ နာမည်ကိုကြားတော့ လင်းယန်ရန် အနည်းငယ် အံ့ဩသွားသည်။ထို့နောက် ဒီလူကို သူအရမ်းသဘောကျသွားခဲ့သည်။

ရှိုးထဲတွင် သူသည် အသန်မာဆုံးနှင့် ကျော်ကြားမှုအမြင့်မားဆုံး အုပ်စုထဲတွင်ပါသည်။မူရင်းဝတ္ထု၏ဇာတ်လမ်းထဲတွင် သူက ရွှမ်းရိဟန်၏ C နေရာပွဲဦးထွက်ချိန်၌ အားကောင်းသော ပြိုင်ဘက်တစ်ဦးဖြစ်ခဲ့သည်။

သာမန်အချိန်ဆိုလျှင် သန်မာသောပြိုင်ပွဲဝင်တစ်ဦးအနေဖြင့် သီဆိုကခုန်ခြင်းအားလုံးကို လေ့ကျင့်သင်ကြားဖူးရမည်ဖြစ်ကာ ယခုလိုညဉ့်နက်သန်းခေါင်အချိန်ကြီးအထိ တစ်ယောက်တည်း တိတ်တိတ်လေးလေ့ကျင့်နေရန်မှာ မဖြစ်နိုင်ပေ။

ထိုစဉ် လင်းယန်ရန်သည် အခန်းထဲမှ တစ်ခုခုပြုတ်ကျသည့်အသံမျိုးလို အသံကျယ်ကြီးတစ်ခုကိုကြားလိုက်ရသည်။

တံခါးအမြန်တွန်းဖွင့်ပြီး ဝင်လိုက်သည်နှင့် ချွေးတွေရွှဲနစ်နေသည့် ချောင်ယဲ့သည် မြေပြင်ပေါ်သို့ လဲကျလျက်ရှိကာ သူ့အမူအယာမှာ ရှက်ရွံ့နေ၏ ။

သူ့ဘေးနားမှာတော့ နည်းပြဆရာထိုင်ခုံက လဲကျနေလျက်...

ချောင်ယဲ့သည် ညဉ့်နက်နေသဖြင့် ဘယ်သူမှမလာလောက်ဟုထင်မှတ်ထားရာ လင်းယန်ရန်ကို မြင်လိုက်ရသည့်အခိုက် ထိတ်လန့်သွားရသည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now