44

710 142 1
                                    

"မနက်ဖြန်မှ ပြမယ်ဆိုရင်ရော  ဘယ်..."

စုန့်ယင်းမင် စကားတောင်မဆုံးသေး။အနောက်ဘက်မှပရိသတ်များ၏အော်သံကြောင့် သူဆက်ပြောလိုသည့်စကားများကို မြိုသိပ်လိုက်ရတော့သည်။

"မရဘူး!! အခုချက်ချင်းပြ!!!"

ထိန်းမနိုင်သိမ်းမရဖြစ်နေသောပရိသတ်များ၏စိတ်အားထက်သန်မှုက သူထင်ထားသည်ထက်တောင် ပိုနေသေးသည်။စုန့်ယင်းမင် ကူကယ်ရာမဲ့သွားပြီး မျက်မှောင်ကြုတ်ကာ ချီတုံချတုံဖြင့် ဖန်သားပြင်ကြီးကို ကြည့်လိုက်သည်။

တကယ်တော့ စုန့်ယင်းမင်က ချီတုံချတုံဖြစ်နေတာမဟုတ်။လက်ထောက်ဒါရိုက်တာကို ယင်းအခွေကိုပြန်ရှာဖို့ အချိန်ဆွဲနေရုံသာ။

သူတပ်ထားသည့်နားကြပ်မှတဆင့် အကြောင်းကြားသံတစ်ခု ပေါ်ထွက်လာမှသာ စုန့်ယင်းမင် သက်ပြင်းချလိုက်ပြီး

"ကောင်းပြီလေ..ဒီလိုဆိုမှတော့ အခုပဲ ပြသပါ့မယ်"

သေချာတယ်..သူတို့မတောင်းဆိုရင်တောင် မနက်ဖြန်တရားဝင်ထုတ်လွှင့်ပြသမဲ့အပိုင်ထဲမှာ ဒီအပိုင်းကိုအပိုထပ်ထည့်ပြီးပြဖို့ အစီအစဉ်ဆွဲပြီးသား။ဒီအကြောင်းတွေကိုတော့ သူပရိသတ်တွေကို အသိပေးမည်မဟုတ်။

ပြီးတော့ ဒီမြင်ကွင်းကိုလည်း တည်းဖြတ်ထားတာ ကြာပြီလေ။

ပရိသတ်အားပေးမှုရဖို့အတွက်ဆို ဒီလိုမျိုး ပေါက်ကွဲထွက်စေမဲ့ ဇာတ်ကွက်ကို ဘယ်ဖျက်ပစ်လို့ရမလဲ !

ဒါပေမဲ့ ဘာမှမသိတဲ့ပရိသတ်တွေကတော့ သူတို့ဆန္ဒတွေပြည့်ဝသွားပြီမို့လို့ အရမ်းကိုပျော်နေကြသည်။

သူ့ဘက်က သဘောတူလိုက်တာနဲ့ အနောက်ဘက်က ပရိသတ်တွေရဲ့ ဝမ်းပန်းတသာအော်သံတွေ ထွက်‌ပေါ်လာသည်။

ကင်မရာကိုလှည့်ပြီး ဖန်သားပြင်ကြီးကိုဘချိန်လိုက်သည်။ဒီမြင်ကွင်းက သူ့ရှိုးအတွက် အောင်မြင်မှုကြီးကြီးမားမားကို သယ်‌ဆောင်ပေးမည့်လှိုင်းတစ်ခုဖြစ်လာနိုင်တယ်ဆိုတာကို ‌တွေးမိပြီး စုန့်ယင်းမင်၏မျက်လုံးများက တလက်လက်တောက်ပလာသည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now