36

1.1K 207 9
                                    

လင်းယန်ရန်သည် စားသောက်ဆိုင်ပိုင်ရှင်မှဦးဆောင်ခေါ်သွားသည့် အခန်းဆီသို့ အတူလိုက်ဝင်သွားခဲ့သည်။

အထဲသို့ဝင်ပြီးသည်နှင့် စားသောက်ဆိုင်ပိုင်ရှင်က အခန်းထဲရှိ ကုချင်းထံ လက်ညှိုးထိုးပြပြီး လင်းယန်ရန်အား ပြောလာသည်။

"ဒါကို အရင်စမ်းကြည့်"

"အိုကေ"

လင်းယန်ရန် စကားအများကြီးမပြောဘဲ ထိုင်ခုံတစ်ခုပေါ်ဝင်ထိုင်၍ ကုချင်းကြိုးများကိုချိန်ညှိရန် ပြင်လိုက်သည်။

သူဌေးက လင်းယန်ရန်ဘေးနားမှခုံတွင်ဝင်ထိုင်ကာ ခပ်တည်တည်နှင့်လက်ဖက်ရည်ခွက်ကိုကောက်ကိုင်၍ ဖြည်းညှင်းစွာ သောက်နေသည်။

ဤအရာသည် luthier တိုင်း၏အခြေခံအကျဆုံးကျွမ်းကျင်မှုတစ်ခုဖြစ်သောကြောင့် သူ့အနေနဲ့ထူးပြီး မအံ့ဩတော့ပေ။

ခဏအကြာတွင် လင်းယန်ရန်က သူဌေးကိုကြည့်ကာ "တစ်ဆိတ်လောက်ပါ....လက်ဆေးဖို့ ရေသန့်ရနိုင်မလားခင်ဗျာ"

သူဌေးက လက်ဖက်ရည်ခွက်ကိုချကာ ပျင်းရိစွာဖြင့် လိုက်ကာအကွယ်မှလူကို ခေါ်လိုက်သည်။

သိပ်မကြာခင်မှာပဲ Hanfu ဝတ်ဆင်ထားသည့်အမျိုးသမီးတစ်ယောက် ကြေးဖြင့်ပြုလုပ်ထားသောအင်တုံတစ်ခုကိုယူ၍ ဝင်လာသည်။

လင်းယန်ရန် ချက်ချင်းထ၍ လက်ကိုဆန့်ကာ ဇလုံထဲသို့နှစ်၍ဖုန်မှုန့်များကို ဆေးကြောလိုက်သည်။

ကုချင်းကို ပထမဆုံးအကြိမ်စတွေ့ဖူးစဉ်အခါက သူ့အဖွားပြောခဲ့ဖူးတဲ့စကားတစ်ခွန်းကို သတိရလိုက်သည်။ကုချင်းက အလွန်ကြော့ရှင်းတဲ့ပစွည်းတစ်ခုဖြစ်တဲ့အတွက် ရှေးလူကြီးတွေက ကုချင်းကိုမတီးခတ်ခင် မျက်နှာသစ် အဝတ်အစားလဲပြီး အမွှေးနံ့သာထွန်း၍  တီးခတ်လေ့ရှိကြောင်းကိုပေါ့။

ယနေ့ခေတ်တွင် ထိုမျှလောက်အလုပ်မရှုပ်တော့ပေ။ယခု‌ခေတ်လူငယ်များသည် စန္ဒယားတီးခတ်ခြင်းထက် ရိုးရာဓလေ့ထုံးတမ်းကို ပို၍ လိုက်နာသင့်သည်မဟုတ်လား။

သပ်ရပ်သန့်ရှင်းဖို့အပြင် လက်ကိုပါ စင်ကြယ်အောင် လုပ်ဖို့လည်း လိုအပ်ပါသေးသည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now