47

743 146 7
                                    


တီးခတ်ရမည့်သီချင်း နှင့်  ဖျော်ဖြေပွဲများစာရင်းကို အချက်အလက်ပေါ်တွင် ရှင်းလင်းစွာ ရေးသားဖော်ပြထားသည်။

ဒီသီချင်းနာမည်မှာ "Water Dragon Song" ဖြစ်ပြီး  ဧည့်စာရင်းမှာပါတဲ့ အဓိကတီးခတ်ရမည့်သူနှစ်ဦးကိုလည်း အတည်ပြုထားပြီးဖြစ်သည်။ erhu ကိုတီးခတ်ရမည့်သူမှာ ဝမ်ယွင်ချိုင်ဆိုသူဖြစ်ပြီး ပုလွေမှုတ်ရမည့်သူမှာ ရှုလင်ရှောင်းဖြစ်သည်။

သူတို့နှစ်ယောက်လုံးက နိုင်ငံ့လက်ရွေးစင်အဆင့်မှာရှိကြတဲ့သူတွေဖြစ်ပြီး ရိုးရာတူရိယာများအကြောင်း လေ့လာလိုက်စားကြသောလူများမှာ ထိုသူတို့ရဲ့အမည်နာမကို မသိမကြားဖူးသည့်သူဟူ၍မရှိ။စတင်လေ့လာကြသူတော်တော်များများက သူတို့ရဲ့ဗီဒီယိုများမှတဆင့် သင်ယူခဲ့ကြသည် မဟုတ်ပါလား။

ထို့အပြင် "Water Dragon Song" ကို ပြန်လည်စီစဉ်ပေးသော တေးရေးဆရာမှာ ကျင်းယန်ပင်းဖြစ်ပြီး လွန်စွာလည်းနာမည်ကြီးသည်။

ဤစာရင်းကိုကြေညာပြီးသည်နှင့်တပြိုင်နက် သူတို့သည် နိုင်ငံတကာကိုထိုးဖောက်ဖို့ဖျော်ဖြေရေးခရီးစဉ်ကို စတင်တော့မည်ဟုပြောခြင်းသည် ချဲ့ကားခြင်းမဟုတ်။

ဒီတော့ နာမည်မရှိတဲ့ဂျူနီယာလေးတစ်ယောက်ဖြစ်တဲ့ ယန်ရန်က နာမည်ကျော်တွေနဲ့တွဲပြီး စင်မြင့်ပေါ်တွင် ဖျော်ဖြေဖို့ဆိုတာ ဘယ်လောက်တောင် ဖိအားများမလဲဆိုတာ တွေးသာကြည့်ကြပါတော့...

ဟုန်ဟွေ့ရွှယ်သည် လင်းယန်ရန်က နာမည်ကျော်ဆရာကြီးများ၏နာမည်တွေကို အလေးအနက်စိုက်ကြည့်နေသည်ကိုမြင်လျှင် စိတ်ဖိစီးနေသည်ဟုထင်ကာ နှစ်သိမ့်ပေးဖို့ ကြိုးစားသည်။

"အင်း...သူတို့နဲ့အတူ တွဲပြီး ဖျော်ဖြေဖို့က ခက်ခဲတယ်ဆိုပေမဲ့လည်း....."

သို့သော် ဟုန်ဟွေ့ရွှယ်၏ စကားမဆုံးခင် လင်းယန်ရန်က သဘောတူကြောင်း ခေါင်းညိတ်လာသည်။

"ဒီတစ်ခုပဲ...ဒါကို ငါ စမ်းကြည့်ချင်တယ်"

ဘယ်လောက်တောင် စိတ်လှုပ်ရှားနေသည်မသိ။သူ့လေသံကအစ စိတ်လှုပ်ရှားမှုကြောင့် တုန်ခါလို့နေသည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now