54

558 107 2
                                    

"Unbelievable Travel" ၏ဒုတိယအပိုင်းကိုထုတ်လွှင့်ပြသပြီးနောက် ပရိသတ်၏အားပေးမှုကြောင့် ပထမနေရာရရှိခဲ့သော်လည်း လင်းယန်ရန်ပါဝင်သောအပိုင်းလောက် ဝက်ဝက်ကွဲ အောင်မြင်ခြင်းမရှိခဲ့။

အဆင့်သတ်မှတ်ချက်များသာမက အင်တာနက် တုံ့ပြန်မှုနှင့် ခေါင်းစဉ်တပ်မှုတို့သည်ပင် ထိုအပိုင်းလောက် အရမ်း hotမဖြစ်ခဲ့။

အစီအစဉ်က ယခင်ကအတိုင်းပဲဖြစ်ပြီး ဧည့်သည်တော်များအတွက် တွင်းအနက်ကြီးတူးပေးထားပြီး ဟာသလုပ်ခဲ့သော်လည်း ထင်သလောက်  အောင်မြင်ခဲ့ခြင်းမရှိပေ။

ယခင်အပိုင်းမှာတုန်းက လင်းယန်ရန်သည် ဟာသတွေကိုတမင်တကာဖန်တီးခဲ့ခြင်းမရှိပေမဲ့ ရှိုးရဲ့အကျိုးသက်ရောက်မှုအားက ချက်ချင်းပေါက်ကွဲသွားခဲ့ပြီး ဖြတ်သွားဖြတ်လာများကို ဝင်ရောက်ကြည့်ရှုချင်လာအောင် ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် ဒုတိယပိုင်းထုတ်လွှင့်သောအခါ အရင်လိုအားပေးဖို့လာခဲ့ကြပေမဲ့ လင်းယန်ရန်ကိုမတွေ့သဖြင့် စုံစမ်းကြည့်ရာမှ လင်းယန်ရန်ကအမြဲတမ်းအဖွဲ့ဝင်မဟုတ်ဘဲ ပျံသန်းငှက်ငယ်ဖြစ်ကြောင်း သိလိုက်ရလေသည်။

ထို့ကြောင့် ဒီအစီအစဉ်ကိုကြည့်သောအခါ သူတို့စိတ်ထဲ တစ်ခုခုလိုနေသလိုမျိုးခံစားလိုက်ရပြီး သူတို့၏ဆန္ဒများကိုဖော်ပြသည့်အနေဖြင့်  ပရိုဂရမ်အဖွဲ့၏တရားဝင် Weibo page သို့သွားရောက်ကာ

လင်းယန်ရန်ကိုပြန်လည်ခေါ်ဆိုပေးလိုကြောင်း comments များကို ချန်ထားခဲ့ကြသည်။

ဖျော်ဖြေရေးနယ်ပယ်က ဒါရိုက်တာတွေက ဘာကြောင့် variety show တွေကို လုပ်ကြတာလဲ ???

သေချာတာကတော့ သူတို့က ရယ်မောစရာရှိုးတစ်ခုအဖြစ်ဖန်တီးပြီး ပြည်တွင်းဖျော်ဖြေရေး၏ variety show တွေထဲမှာမှ နံပါတ်တစ် အကောင်းဆုံး ဒါရိုက်တာတစ်ယောက်ဖြစ်လာဖို့ပါပဲ။

လင်းယန်ရန်မှာ သူတို့၏ရှိုးပုံစံနှင့်အလွန်လိုက်ဖက်နေသောကြောင့် rating သတ်မှတ်ချက်များကို အာမခံနိုင်မည့် ကြွယ်ဝမှုကုဒ်တစ်ခုအဖြစ် မှတ်ယူထားကြလေသည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now