38

1.3K 177 1
                                    


လင်းယန်ရန်သည် စာချုပ်ကိစ္စများကိုကိုင်တွယ်ဖြေရှင်းပြီးနောက် Super Idol ၏ပရိုဂရမ်အဖွဲ့မှနေ၍ ပြကွက်အချို့ရိုက်ကူးရန် နည်းပြဆရာအားလုံးလာရောက်ရမည်ဖြစ်ကြောင်း အသိပေးလာသည်။

သင်တန်းသားများ၏ ကြိုးပမ်းအားထုတ်မှု များကို မီးမောင်းထိုးပြနိုင်ရန်အတွက် မကြာမီ တင်ဆက်ပြသပေးသွားဖို့လိုအပ်သည်။

ပရိုဂရမ်အဖွဲ့သည် အဖွဲ့တစ်ခုစီမှ သင်တန်းသားများ၏ ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်မှုနှင့်အတူ တိုးတက်လာသည့်အခြေအနေများကိုလည်း နည်းပြများအား အသိပေးရန်လိုသည်။နည်းပြများ၏တုန့်ပြန်မှုနှင့် ချီးကျူးမှုများကို ရိုက်ကူးမည်ဖြစ်သည်။

ရိုက်ကူးမည့်အချိန်ကတော့ အရင်အတိုင်းပါပဲ။

လင်းယန်ရန် Super Idol ၏တည်နေရာဆီ မသွားခင် ဟုန်ဟွေ့ရွှယ်ထံမှ ဖုန်းဝင်လာသည်။

တစ်ဖက်လူက သူ့နာမည်နှင့် နာနီကားတစ်စီးကို စီစဉ်ထားကြောင်း ပြောလာသည်။

လင်းယန်ရန်သည် စစ်ယွီတို့သည် နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်လိုသည့်ဆန္ဓပြင်းပြနေခဲ့ကြပြီး စာချုပ်မချုပ်ဆိုရသေးသော်လည်း သူရသင့်ရထိုက်သည့်အခွင့်အရေးများကို ပေးလာရာ သူလည်း ငြင်းမနေတော့ပေ။

ရက်အနည်းငယ်ကြာအောင် Variety show အား ရိုက်ကူးခဲ့ပြီးနောက် Super Idol ဝင်ပေါက်တွင် စောင့်နေသော သူ၏ပရိသတ်အရေအတွက်က ယခင်ထက် များလာသည်ကို တွေ့လိုက်ရသည်။

ယခင်လူသုံးယောက်အဖွဲ့သည် လူခြောက်ယောက်အဖွဲ့ဖြစ်လာပြီး  Super Idol  တွင်နာမည်ရသင်တန်းသားကစားအချို့၏ပရိသတ်များနှင့်မှီလုမှီခင်ဖြစ်လာသည်။

ပရိသတ်များကိုနှုတ်ဆက်ပြီးနောက် လင်းယန်ရန်သည် သင်တန်းသားများ၏လေ့ကျင်းရေးခန်းမသို့ လျှောက်သွားခဲ့သည်။

လင်းယန်ရန်ဘက်မှ သင်တန်းသားများအား သူလာမည့်သတင်းအားကြိုမပြောခဲ့သလို ပရိုဂရမ်အဖွဲ့ကလည်း လျှိုထားခဲ့သည်။

ထို့ကြောင့် လင်းယန်ရန်လေ့ကျင့်ရေးခန်းမတံခါးကိုညင်သာစွာတွန်းဖွင့်လိုက်စဉ် သူမြင်တွေ့လိုက်ရသည့်မြင်ကွင်းက

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now