1

2.6K 197 10
                                    

အမှန်တကယ်တော့ ဆိုးသွမ်းတဲ့နဂါးလေး
‌က အဲ့ဒီလောက်တော့ မဆိုးပါချေ။နဂါးလေးရဲ့ဘဝမှာ မကောင်းတာတစ်ခုမှ မကျူးလွန်ဖူးသေး။နဂါးလေးက မီးမှုတ်ထုတ်ပြီး လောင်တိုက်လည်းမသွင်းဖူး၊ဖောက်ထွင်းသူခိုးလေးလည်းမလုပ်ဖူးသည့်အပြင် တောင်အောက်ရှိမြို့ကလူတွေရဲ့ အသက်ကိုရန်ရှာဖူးခြင်းလည်းမရှိခဲ့ဖူးပေ။သူ့မှာ မည်သူ့ကိုမှ မထိခိုက်စေသော ဝါသနာလေးနှစ်ခုသာရှိပေသည်။ဘိုးဘေးနဂါးကြီးတွေ အမွေအဖြစ်ချန်ခဲ့သော တရားဝင် ဝင်ငွေဖြစ်သည့်
‌ရွှေပြားတွေကို ထိုင်ရေတွက်ရခြင်းနှင့် အနှီရွှေဒင်္ဂါးပြားပုံကြီးထဲတွင် ဝင်ခွေကာ အိပ်ရခြင်း။

ဒါပေမဲ့လည်း ဖြေရှင်းဖို့နည်းလမ်းမရှိပါပေ။
မင်းက မဆိုးသွမ်းဘူးဆိုရင်တောင် နဂါးဂုဏ်နဲ့အညီနေထိုင်ရဦးမည်လေ။နတ်သမီးပုံပြင်တွေထဲက နဂါးတွေအကုန်လုံးက ယုတ်မာဆိုးသွမ်းကြသည်။အကယ်၍မင်းသာ မယုတ်မာ မဆိုးသွမ်းဘူးဆိုရင် နဂါးလို့ခေါ်ခံရဖို့ မထိုက်တန်တော့။

ဆိုးသွမ်းတဲ့နဂါးတွေက အရွယ်ရောက်ပြီဆိုတာနဲ့ ပထမဆုံးမကောင်းမှုကို စကျူးလွန်ရမည်။ဟုတ်သည်...နတ်သမီးပုံပြင်တွေထဲမှာ ရေးကြသလိုမျိုး မင်းသမီးလေးကို ပြန်ပေးဆွဲရမှာဖြစ်သည်။

မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့ကြတဲ့ အနှီစည်းမျဥ်းသည် လူကြီးစစ်စစ်... မဟုတ်သေး...နဂါးကြီးစစ်စစ်အဖြစ်သတ်မှတ်ခံရဖို့အတွက် မင်းသမီးလေးကိုမလွဲမသွေ ပြန်ပေးဆွဲရမည်ဟူ၍။ဒါက မကောင်းတဲ့စည်းမျဥ်းတော့မဟုတ်။မျိုးဆက်တစ်ခုတိုင်းရဲ့ ဘုရင်တွေနဲ့ နဂါးတွေက ဒီကိစ္စနဲ့ပတ်သတ်ပြီးဆွေးနွေးထားကြပြီးသားဖြစ်သည်။နဂါးက မင်းသမီးကို လာပြီးပြန်ပေးဆွဲသွားတာနဲ့ ဘုရင်ကြီးက အစောကြီးကတည်းက ကြိုတင်ရွေးချယ်ထားပါသည့် သမက်တော်ကို စေလွှတ်ပြီး 'မင်းကငွေယူ လူကိုပြန်ပေး'
အစီအစဥ်ကို အကောင်အထည်ဖော်ခိုင်းမည်ဖြစ်သည်။ဆိုးယုတ်သောနဂါးကြီးကိုသတ်ဖြတ်ပြီး မင်းသမီးလေးကို ကယ်တင်လာပါသည့် ရွှေသမက်တော်ဟာ ဘုရင့်သမီးတော်နဲ့လက်ဆက်ပြီး ထီးနန်းမွေကိုဆက်ခံလိမ့်မည်။

不怎么恶的龙,还有王子(Myanmar Translation)Where stories live. Discover now