Real World

729 20 3
                                    

Real World

"James ... အစ်မကို ဒီစာရွက်လေးတွေ မိတ္တူကူးပေးပါအုံး .."

"ဟုတ်ကဲ့ အစ်မယူနာ .."

Jamesဆိုသောလူသားဟာ နာမည်ကြီးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်၍ရုံးရှိလူတိုင်း အကူအညီတောင်းလျှင် ထိုကဲ့သို့လည်း မညီးမညူလုပ်ပေးတတ်သည်။ စိတ်သဘောထားပြည့်ဝ၍ လူတိုင်းအပေါ် လည်း သည်းခံတတ်သောသူတစ်ယောက်ဖြစ်သည်။

ခဏအကြာတွင် ...

"အစ်မယူနာ မိတ္တူကူးရမယ့်စာရွက်တွေ ပြီးပြီနော် .."

"ဟုတ်လား Jamesလေးရေ ကျေးဇူးတင်ပါတယ်နော် .. Jamesလေးကြောင့်သာ အစ်မဒီနေ့အလုပ်တွေလုပ်ရတာ နောက်ကျမနေတာ .."

"ရပါတယ်အစ်မယူနာရယ် Jamesအကူအညီလိုရင်လဲ အစ်မယူနာကပဲ ကူညီပေးနေတာကို Jamesကလဲပြန်ကူညီပေးရမှာပေါ့ .."

"အေးပါJamesလေးရယ် တကယ်ကျေးဇူးပါ အစ်မဒီစာရွက်တွေကို CEOဆီသွားပို့လိုက်အုံးမယ်နော် .."

"ဟုတ်ဟုတ် အစ်မယူနာ .."

Jamesရဲ့တစ်နေ့တာအလုပ်ဟာ ဒါပါပဲ သူများအကူအညီတောင်းရင်လည်း Jamesလုပ်ပေးသလို Jamesအကူအညီလိုရင်လည်း သူတို့ဆီသွားတောင်းလိုက်တာပေါ့။
.
.
.
ညနေရုံးဆင်းချိန်သို့ ရောက်သောအခါ Jamesလဲယူစရာရှိတာတွေယူပြီး လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ပြီးတာနဲ့ အိမ်သို့ကားမောင်းပြန်ခဲ့လိုက်သည်။ ကားဆိုပေမယ့် Jamesရဲ့ကားလေးဟာ secondလေးဖြစ်ပြီး Jamesအရစ်ကျနဲ့ ပေးဝယ်ထားရတာဖြစ်သည်။

Jamesကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ထားတာကြောင့် ထိုကားလေးကို အလွန်တန်ဖိုးထားသည်။

ဖုန်းသံပိတ်ထားတဲ့ Jamesရဲ့ဖုန်းလေးဟာ ဖုန်းဝင်မှုကြောင့် တုန်ခါလာသည်။ ထိုအခါမှJamesလည်း ဖုန်းသံပြန်ဖွင့်ရမည်ကို အမှတ်ရလိုက်သည်။

"ဟယ်လို မာရီယာ .."

"အင်းJames မာရီယာဒီနေ့ အလုပ်ကိစ္စရှိလို့ Jamesနဲ့မတွေ့နိုင်တော့ဘူး။ အဲ့တာလှမ်းပြောတာ .."

"မာရီယာမအားဘူးဆိုရင်လဲ Jamesတို့ဒီနေ့မတွေ့ပဲ နေကြတာပေါ့ နောက်ရက်မှဆုံကြမယ် .."

𝙰𝚒 𝚂𝚢𝚜𝚝𝚎𝚖 .{𝙾𝚗𝚐𝚘𝚒𝚗𝚐.....}Where stories live. Discover now