Episode 2

1.5K 77 1
                                    

Ep 2 . Play Boyရဲ့ကိုယ်ဝန်ကို လွယ်ထားရခြင်း

ဂျွန်တစ်ယောက် ကယ်ဗင်ဆွဲခေါ်ရာနောက် လိုက်ပါသွားရသည်။ ကားထဲသို့ထိုင်ခိုင်းသည်ထိကို ဂျွန်က ကယ်ဗင့်ရဲ့လုပ်ရပ်ကြောင့်အံဩနေပြီး ကြောင်ကြောင်လေးဖြစ်နေသည်။ စထားတဲ့သူက ဂျွန်ဆိုပေမယ့်လည်း အခုလို"လူချောချောလေး"တစ်ယောက်က ဂျွန့်လက်ဆွဲခေါ်သွားတော့ ဂျွန်ရင်တုန်မိတာပေါ့။

"ကယ်ဗင် ဂျွန့်ကိုဘယ်ခေါ်သွားမလို့လဲ .."

"ငါ့ပိုင်တဲ့အိမ် .."

ကယ်ဗင်က ထိုစကားပြောပြီးတာနဲ့ ကားကိုမောင်းလိုက်တော့သည်။ ကယ်ဗင်တစ်ယောက် ဆရာဝန်ဆီဖုန်းခေါ်နေချိန် Jamesကတော့ Systemနဲ့စကားပြောနေသည်။

"ကယ်ဗင့်အိမ်က ဘယ်မှာလဲSystem .."

""အဲ့တာတော့ ကျွန်တော်လဲမသိပါဘူးHost ..""

"အင်း စောင့်ကြည့်ရုံပဲပေါ့ .."

ကယ်ဗင်ကတော့ သူ့ကားပေါ်တွင် ငြိမ်ငြိမ်လေးလိုက်ပါလာတဲ့ သူ့ကလေးရဲ့အဖေဖြစ်သူကိုကြည့်၍ စကားစပြောလိုက်သည်။

"ကလေးက ဘယ်လိုဖြစ်တာလဲ .."

"ဂျွန်လဲမသိဘူး ဂျွန် ကယ်ဗင်နဲ့အိပ်ပြီး တစ်ပတ်လောက်ကြာတော့ အစားအသောက်ပျက်ပြီး ခန္ဓာကိုယ်ကလဲနေလို့မကောင်းဘူး။ အဲ့ဒီနောက် ဆေးခန်းသွားပြလိုက်မှ ကိုယ်ဝန်ရှိမှန်းသိရတာ .."

"အဲ့ဒါဆို ကိုယ်ဝန်စရှိကတည်းက ဘာလို့ငါ့ဆီကိုမလာခဲ့တာလဲ .."

"ဂျွန် ကယ်ဗင့်ကိုပြောထားတဲ့အတိုင်းပဲလေ .. ဂျွန် ကယ်ဗင့်ကိုမနှောက်ယှက်ပါဘူးလို့ အခုဟာက ဂျွန်နဲ့သားလေးအတွက် စိုးရိမ်ရတဲ့အခြေအနေမို့ ကယ်ဗင့်ကိုဖွင့်ပြောလိုက်ရတာ .."

"အကယ်၍ နှစ်ယောက်စလုံးအသက်အန္တရာယ်မရှိရင် မင်းကင့ါကိုမပြောပဲ မွေးလာတဲ့ကလေးကို တစ်ယောက်ထဲပျိုးထောင်သွားမယ်ပေါ့ ဟုတ်လား .."

"ဟုတ်တယ် .."

သူ့စကားအဆုံး တွေဝေခြင်းမရှိပဲ ထွက်ပေါ်လာတဲ့အဖြေကြောင့် ကယ်ဗင့်နှုတ်‌ခမ်းလေးတွေ ကွေးတက်သွားရသည်။ ဘယ်ဆိုးလို့လဲ မာနတော့ရှိသား။

𝙰𝚒 𝚂𝚢𝚜𝚝𝚎𝚖 .{𝙾𝚗𝚐𝚘𝚒𝚗𝚐.....}Where stories live. Discover now