Episode 6

302 13 0
                                    


Ep 6 . Play Boyရဲ့ကိုယ်ဝန်ကို လွယ်ထားရခြင်း

နောက်တစ်နေ့ Jamesနိုးလာချိန်တွင် လူနာအခန်းထဲတွင် ချောမောခန့်ညားတဲ့ အမျိုးသားနှစ်ယောက်ကို တွေ့လိုက်ရတာကြောင့် အံအားသင့်စွာဖြင့် ကြည့်နေမိသည်။ အကုန်လုံးက စကားပြောနေကြတာကြောင့် Jamesနိုးနေတာကို မသိကြပေ။

""Host ဖြည်းဖြည်းကြည့် ဇာတ်လိုက်မြင်ရင် သဝန်တိုနေအုံးမယ် .." "

"အဟမ်း အေးပါဟ .."

Systemရဲ့အသံကြားမှ Jamesဟာသူ့ကြည့်နေတာကို ရပ်လိုက်လေသည်။

""သူတို့နှစ်ယောက်က ဇာတ်လိုက်ရဲ့အစ်ကိုနှစ်ယောက်လေ host ..""

"အေး ချောတာကတော့ တော်တော်ချောတယ် ၊ ဒါပေမဲ့ဇာတ်လိုက်ကိုတော့ မမှီပါဘူး .."

""Hostက ကိုယ့်လူနဲ့ကိုယ်တော့ သိတတ်လိုက်တာနော် .." "

အဟွတ် အဟွတ် !

Jamesဟာ ရေအနည်းငယ် သောက်နေရင်းမှ systemရဲ့စကားကြားတော့ သောက်နေတဲ့ရေတွေက ပြန်ထွက်လာပြီး ချောင်းတွေပင် ဆိုးနေတော့သည်။

အဟွတ် အဟွတ် !

"ဂျွန် နိုးလာပြီလား .."

Jamesချောင်းဆိုးနေရင်းပင် ဇာတ်လိုက်အသံ ကြားလိုက်ရတာကြောင့် မျက်လုံးလှန်ကြည့်လိုက်တော့ သူ့ဆီကိုစိုးရိမ်စွာဖြင့် ပြေးလာနေတဲ့ဇာတ်လိုက်ကို တွေ့လိုက်ရသည်။

"ဂျွန် ဘယ်လိုဖြစ်တာလဲ ဗိုက်ကမနေ့ကမှ ခွဲထားတာလေကွာ .."

"ဂျွန် ရေဆာလို့ရေသောက်လိုက်မိတာ မတော်တဆဖြစ်သွားတာပါ .."

"နောက်တစ်ခါရေသောက်ချင်ရင် ကိုယ့်ကိုပြောနော် ၊ တစ်ယောက်ထဲမသောက်ရဘူး ကိုယ်ပဲလုပ်ပေးမယ် .."

"ငါ့ညီplay boyလေးက ဒီလိုကျတော့လဲ အပိုးကျိုးသားပဲ ၊ မေမေပြောတာ ပိုပြောတာမဟုတ်ဘူး အမှန်တကယ်ပဲကိုကွ .."

"အာ ကိုကြီးကလဲ ကျွန်တော်က ဂျွန်မနေ့ကမှ ခွဲထားတာကြောင့် သေချာဂရုစိုက်ပေးနေတာပါ .."

ကယ်ဗင်က သူ့လည်ပင်းလေးအားပွတ်၍ ရှက်ရှက်ဖြင့် ပြန်ပြောလိုက်သည်။ အစ်ကိုအကြီးဆုံးကြီးဟာ သူ့ညီငယ်လေးအပြုအမူကြောင့် ပို၍ပို၍ပင် ရယ်လိုက်မိတော့သည်။

𝙰𝚒 𝚂𝚢𝚜𝚝𝚎𝚖 .{𝙾𝚗𝚐𝚘𝚒𝚗𝚐.....}Where stories live. Discover now