Ep 4 . အနှိပ်စက်ခံ omegaကိုယ်လုပ်တော်မှ ဧကရီအဖြစ်သို့တက်လှမ်းခြင်း
ပြည်သူတွေက အလီနာ့အပေါ် သေဒဏ်ချမှတ်ပေးဖို့ တောင်းဆိုနေတာကြောင့် ဒက်ခ် ခေါင်းကိုက်လာရသည်။ တစ်ဖက်မှာကချစ်ရသူ ၊ တစ်ဖက်မှာက ကိုယ့်ကိုအားပြုနေတဲ့ ပြည်သူတွေ။
"ဒီသတင်းတွေ ထွက်ပေါ်လာအောင် စတင်ဖြန့်တဲ့သူကို ရအောင်စုံစမ်းလာခဲ့ .."
"ဟုတ်ကဲ့အရှင် .."
မင်းကြီးဟာ အရိပ်ကိုယ်ရံတော်တွေကို ထိုသတင်းအား စုံစမ်းခိုင်းလိုက်လေသည်။
အရိပ်ကိုယ်ရံတော်တွေ ပြန်သွားပြီးမှ Jamesဟာ အိပ်ခန်းထဲမှ ထွက်လာခဲ့လေသည်။ သူဟာ ဒက်ခ်ရဲ့ရင်ခွင်ထဲ တိုးဝင်လိုက်သည်။
"အရှင် ကျွန်တော့်ကိုpheromones ထုတ်ပေးပါအုံး .."
Jamesဟာ ဒက်ခ်ရဲ့ရင်ခွင်ထဲတွင် မျက်လုံးလေးတွေ မှိတ်ထားပြီးပြောလိုက်လေသည်။ Jamesပြောပြီးနောက် လေထဲတွင် Alpha pheromonesနံ့တွေက ထွက်ပေါ်လာလေသည်။
"တော်သေးတာပေါ့ ကျွန်တော့်ရဲ့ကိုယ်ဝန်နဲ့အရှင့်ရဲ့pheromonesက ကိုက်ညီမှုရှိလို့ .."
"အလီနာ ဒီသတင်းတွေကို ဘာမှအာရုံမစိုက်နဲ့ ကိုယ်တော်ဖြေရှင်းပေးမယ်။ မင်းက နေကောင်းပြီး ကျန်းမာအောင်သာနေ .."
"ကျေးဇူးတင်ပါတယ် အရှင် .."
အလီနာဟာအခုတလော ဒက်ခ်ရဲ့pheromonesတွေ လိုအပ်နေတာကြောင့် ဒက်ခ်ကထုတ်ပေးနေရသည်။ ဒက်ခ်သူ့ရင်ခွင်ထဲက အိုမီဂါလေးကိုကြည့်လိုက်သည်။
"အလီနာ ဘာဖြစ်လို့လဲ .."
"အရှင်နေရတာ တစ်မျိုးကြီးပဲ ခန္ဓာကိုယ်က ပူလောင်လာသလိုပဲ .."
"မင်း heatဝင်နေတာလား အလီနာ .."
"အရှင် heatကဘာလဲဟင် .."
"မင်း heatကို တကယ်မသိဘူးလား အလီနာ .."
"ဟုတ်ကဲ့အရှင် ကျွန်တော်မျိုး တကယ်ကိုမသိတာပါ .."
ဒက်ခ်ဟာ အအေးနန်းဆောင်ရောက်ပြီး ပြောင်းလဲသွားတဲ့ ချစ်ရသူကြောင့် အနည်းငယ်အံ့ဩနေမိသည်။ သူ့အိုမီဂါလေးဟာ အရင်တုန်းက heatကာလတွေကို ဘယ်လိုများကျော်ဖြတ်ခဲ့သလဲ။
YOU ARE READING
𝙰𝚒 𝚂𝚢𝚜𝚝𝚎𝚖 .{𝙾𝚗𝚐𝚘𝚒𝚗𝚐.....}
Fantasy𝙻𝙴𝙾ရေးမယ့်𝚂𝚢𝚜𝚝𝚎𝚖 𝙵𝚒𝚌လေးကတော့ 𝚑𝚘𝚜𝚝က 𝙾𝙾𝙲ဖြစ်လို့ရတဲ့ 𝚂𝚢𝚜𝚝𝚎𝚖လေးပါနော် ... 𝙲𝚘𝚟𝚎𝚛 𝚙𝚑𝚘𝚝𝚘 𝚌𝚛𝚎𝚍𝚒𝚝 Start Date : 29.6.2024 ( Saturday) End Date : ******** 𝙻𝙴𝙾ရေးမယ့်𝚂𝚢𝚜𝚝𝚎𝚖 𝙵𝚒𝚌 လေးကတော့ 𝚑𝚘𝚜𝚝က 𝙾𝙾𝙲ဖြစ်...