Episode 19

858 40 0
                                    

Ep 5 . အနှိပ်စက်ခံ omegaကိုယ်လုပ်တော်မှ ဧကရီအဖြစ်သို့တက်လှမ်းခြင်း

"အခြေအနေဘယ်လိုလဲ အလီနာ့အပေါ် မကောင်းကြံတဲ့သူတွေ အားလုံးရှင်းပစ်နိုင်ခဲ့ပြီမို့လား .."

"ဟုတ်ကဲ့အရှင် ကျွန်တော်မျိုးကိုယ်တိုင် ကိုယ်လုပ်တော်ကယ်ရို့ သူ့လုပ်ခဲ့တဲ့အပြစ်တွေ တစ်ခုမကျန်ပြောပြအောင် အစွမ်းတစ်ချို့သုံးပြီး လုပ်ခဲ့တာပါအရှင်မင်းကြီး .."

"ကောင်းပြီလေ နောက်တစ်ခါတွေလဲ အဲ့ဒီလိုပဲအလုပ်ကို စေ့စပ်သေချာအောင်လုပ် .."

"ဟုတ်ကဲ့အရှင် ပြီးတော့လေ မင်းကြီးဒက်ခ်က ကိုယ်လုပ်တော်အလီနာကို အမှတ်အသားပေးလိုက်ပါပြီ အရှင် .."

အမှတ်အသားဆိုတဲ့စကား ကြားလိုက်ရတော့ အဲလက်စ်မျက်လုံးအရောင်တွေက တစ်မျိုးပြောင်းသွားလေသည်။ အဲလက်စ်ရဲ့လူယုံ လက်အောက်ငယ်သားကတော့ အရှင်မင်းကြီးရဲ့မျက်လုံးအရောင်ကို မြင်လိုက်ရတာကြောင့် အရှင်မင်းကြီးစိတ်ရှုပ်ထွေးနေမှန်း သိလိုက်ရသည်။

"ဟုတ်ပြီလေ မင်းသွားတော့ .."

အဲလက်စ် ဒက်ခ်ကအလီနာကို အမှတ်အသား ပေးလိုက်တယ်ဆိုတာကြောင့် သိပ်တော့မအံ့ဩသွားပေ။ သူ့စိတ်ထဲရှုပ်ထွေးမှု တစ်စုံတစ်ရာသာ ခံစားလိုက်ရသည်။ အလီနာက အမှတ်အသားပေးမယ်ဆိုလျှင် ပေးချင်စရာပင် ထိုနေ့က...

အဲလက်ပျင်းနေတာကြောင့် ဒက်ခ်ရဲ့နန်းတော်ထဲ နန်းတွင်းအမှုထမ်းအဖြစ် အယောင်ဆောင်၍ ဝင်ရောက်လာချိန်တွင် အလီနာ့နန်းဆောင်နား မတော်တဆရောက်မိသွားပြီး နန်းဆောင်ထဲမှအကူအညီတောင်းသံ ကြားလိုက်ရလေသည်။ နန်းဆောင်ဝင်ပေါက်ရှေ့မှာလည်း မေ့လဲကျနေသော ကောင်လေးတစ်ယောက်နဲ့ နန်းတွင်းသူတွေကို တွေ့လိုက်ရသည်။

တစ်ခုခုမူမမှန်တာကြောင့် နန်းဆောင်ထဲဝင်ကြည့်လိုက်ချိန် အလီနာ့ကိုမကောင်းကြံနေတဲ့ နန်းတွင်းသားတစ်ယောက်အား တွေ့လိုက်ရ၍ ကူညီပေးလိုက်သည်။ သူထိုသူအား သတ်ပစ်ပြီးနောက် အမှုန်အမွှားပါမကျန် သူ့အစွမ်းဖြင့် ဖျောက်ပစ်လိုက်ပြီးနောက် ထွက်သွားရန်ပြင်ချိန်တွင် ပူပြင်းလှတဲ့လက်တစ်စုံက သူ့လက်အားလာဆွဲလေသည်။

𝙰𝚒 𝚂𝚢𝚜𝚝𝚎𝚖 .{𝙾𝚗𝚐𝚘𝚒𝚗𝚐.....}Where stories live. Discover now