Episode 12

637 27 1
                                    

Ep 5 . သမ္မတကြီးရဲ့ အချစ်ဆုံးမြေး

"ဖရန်စစ် နင်ကဘာမို့လို့ ငါနဲ့ဂျော်ရဲ့ကြားထဲ ဝင်ရှုပ်နေရတာလဲ.."။

ထို့နောက် သူမသည်းမခံနိုင်စွာဖြင့် ထိုနေရာသို့သွားရန် ပြင်လိုက်လေသည်။ သူမဟာရှန်ပိန်တစ်ခွက်ထဲသို့ ဆေးမှုန့်တွေကိုထည့်လိုက်သည်။ ခဏအတွင်းပင် ထိုဆေးမှုန့်တွေဟာ ပျောက်ကွယ်သွားလေသည်။ သူမရဲ့လုပ်ရပ်ကို သူမရဲ့အဖေကလည်း တစ်ခြားဝန်ကြီးတွေနဲ့ စကားပြောနေတာကြောင့် သူမကိုဂရုမစိုက်မိပေ။

"ဂျော် .."

ဂရေ့စ်ဟာ ရှန်ပိန်တစ်ခွက်ရယ် ၊ သူမအတွက် ဝိုင်တစ်ခွက်ပါယူ၍ ထိုနေရာသို့လှမ်းလာခဲ့တာ ဖြစ်သည်။

"ဪ ဂရေ့စ် ရောက်လာပြီလား .."

"ကျွန်မရောက်နေတာကြာပြီ ဂျော် ..ရှင်ကသာ ကျွန်မကိုမမြင်နိုင်တာလေ .."

ဂရေ့စ်စကားကြားတော့ ဂျော်နသန် မျက်နှာပျက်သွားလေသည်။ ဂျော်နသန်က သူ့မျက်နှာအား ပြန်ပြုံးလိုက်၍...

"ဟုတ်ပါပြီ မင်းဘာပြောမလို့ ရောက်လာတာလဲ .."

"ရှင့် အကြီးတန်းဝန်ကြီးချုပ်ဖြစ်သွားတာကို ဂုဏ်ပြုပေးမလို့လေ။ ဘာလဲရှင့်ကို  ဂုဏ်ပြုပေးလို့တောင် မရဘူးလား။ ဂျော် ရှင်နဲ့ကျွန်မက ငယ်ငယ်လေးကတည်းက ပေါင်းလာကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပါ .."

"ကောင်းပြီလေ မင်း ငါ့ကိုဂုဏ်ပြုပေးဖို့ ရောက်လာတာမို့လား။ ငါ မင်းနဲ့တစ်ခွက် အတူတူသောက်ပေးပါ့မယ် .."

"အိုးကောင်းပါပြီ ဂျော် ရော့ဒီရှန်ပိန်က ကျွန်မရှင့်အတွက်ယူလာတာ .."

ဂရေ့စ်ပေးတဲ့ ရှန်ပိန်ခွက်ကိုကြည့်၍ ဂျော်နသန်က သူ့လက်ထဲရှိ ဖရန်စစ်ပေးထားတဲ့ ရှန်ပိန်ခွက်ကိုချရန် တွန့်ဆုတ်နေလေသည်။ ထိုအချင်းအရာကို Jamesကမြင်လိုက်တာကြောင့်...

"ယူလိုက်လေနသန်ရဲ့ မင်းရဲ့သူငယ်ချင်းက မင်းကိုဂုဏ်ပြုပေးမလို့ ရောက်လာတာကို .."

ဖရန်စစ်ပြောလိုက်မှသာ ဂျော်နသန်က သူ့လက်ထဲရှိ ရှန်ပိန်ခွက်ကိုချ၍ ဂရေ့စ်ပေးတာကို လှမ်းယူလိုက်လေသည်။ ဂရေ့စ်ကလည်း ပြုံးလိုက်၍ ဖရန်စစ်အား...

𝙰𝚒 𝚂𝚢𝚜𝚝𝚎𝚖 .{𝙾𝚗𝚐𝚘𝚒𝚗𝚐.....}Where stories live. Discover now