Episode 9

238 12 2
                                    

Ep 2 . သမ္မတကြီးရဲ့ အချစ်ဆုံးမြေး

ဂျော်နသန်ဟာ အိမ်ရောက်တော့ စားသောက်ဆိုင်တွင် မြင်ခဲ့ရတဲ့မြင်ကွင်းတွေကိုသာ ပြန်သတိရနေမိတော့သည်။

စကားပြောလိုက်ရင် ပွင့်ဟသွားတဲ့နှုတ်ခမ်းရဲရဲတစ်စုံ ၊ ညီဖြစ်သူအားရယ်ပြလိုက်လျှင် ပေါ်လာတတ်တဲ့ သွားတက်ကလေးတွေ။ ကုတ်အင်္ကျီချွတ်လိုက်တော့ ရှပ်အင်္ကျီကြယ်သီးတစ်လုံး ဖြုတ်ထားတာကြောင့် ကြွေကဲ့သို့ဖြူစွတ်သော အသားအရေလေးက ပေါ်ပေါက်လာခဲ့ပုံ။ သူထိုနေရာတွင် အမှတ်ရဲရဲလေးတွေ ချန်ထားချင်ပြီး သူ့အပိုင်ဟုပင် တံဆိပ်နှိပ်ထားချင်သည်။

"အာ ဂျော်နသန် မင်းဘာတွေတွေးနေတာလဲ .."

ဂျော်နသန် သူ့အတွေးတွေကို ရပ်ပစ်ပြီးအိပ်ယာပေါ်သို့ လှဲအိပ်လိုက်တော့သည်။ သို့ပေမယ့် သူထိုအတွေးတွေကို ဘယ်လိုမှမေ့ဖျောက်လို့မ‌ရပေ။ သူအရင်တုန်းက ဖရန်စစ်ကို အနီးကပ်မမြင်ဖူးတာကြောင့် ယခုလိုအနီးကပ်မြင်ခဲ့ရတော့ ထိုလူသားအား မေ့ဖျောက်မရဖြစ်နေတာလား။ သူ့သူငယ်ချင်းကို ထိုလူသားက ကားတင်ပြေးတာ သိတုန်းကတောင် သူအခုလောက်ထိ ဗျာမများခဲ့ဖူးပေ။

ထိုလူသားအားပွေ့ဖက်လိုက်ချိန် နွေးထွေးမှုတစ်ခုကို သူ့နှလုံးသားနေရာက ခံစားမိလိုက်သည်။ အတိတ်ဘဝက တွေ့ဆုံချစ်ကြိုက်ခဲ့ဖူးသူတွေလို ဘာလိုလိုပင်။

ဂျော်နသန်အိပ်မရတာကြောင့် မီဒီယာပေါ်တွင် "ဖရန်စစ်"ဟူသော နာမည်လေးကိုရိုက်ရှာလိုက်သည်။ ထိုအခါပေါ်လာတဲ့ သတင်းတွေကတော့ ထိုလူသားရဲ့တစ်နေ့တာ ဖြတ်သန်းပျော်မြူးနေပုံတွေပင်။ သမ္မတကြီးရဲ့အချစ်ဆုံးမြေးဖြစ်တာကြောင့် လိုတိုင်းတတိုင်းရနိုင်တဲ့ ထိုလူသားဟာ သတင်းတွေထဲကလိုပင် သူ့ရဲ့တစ်နေ့တာကို အပျော်အပါးတွေဖြင့်သာ ဖြတ်သန်းထားသည်။

သူမြင်တွေ့ခဲ့ရတဲ့ပုံရိပ်နဲ့ ထိုသတင်းတွေကို ဆက်စပ်ကြည့်လျှင် ယုံနိုင်ဖွယ်ရာလုံးဝမရှိပါ။ သူထိုလူသားကို အရင်ကဂရုမစိုက်ခဲ့မိတာလည်း ပါလိမ့်မည်။ သူထိုအကြောင်းအရာတွေကိုကြည့်၍ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။ ထိုဆုံးဖြတ်ချက်ဟာ ထိုလူသားနဲ့အနီးကပ်ဆုံး အတူရှိနေဖို့ အကြီးတန်းဝန်ကြီးချုပ်နေရာကိုသာ တိုက်ရိုက်ဖြေဆိုရန်ဖြစ်သည်။

𝙰𝚒 𝚂𝚢𝚜𝚝𝚎𝚖 .{𝙾𝚗𝚐𝚘𝚒𝚗𝚐.....}Where stories live. Discover now