Episode 3

317 14 0
                                    

Ep 3 . Play Boyရဲ့ကိုယ်ဝန်ကို လွယ်ထားရခြင်း

နောက်တစ်နေ့တွင် ကယ်ဗင်နဲ့ဂျွန်တို့ ဆေးရုံသို့သွား၍ ကိုယ်ဝန်အားOGနဲ့ သွားပြခဲ့ကြသည်။

သားဖွားမီးယပ်ဆရာဝန်ကြီးဟာ ဂျွန်ကအမျိုးသားကိုယ်ဝန်ဆောင် ဖြစ်နေတာကြောင့် ဂျွန့်ကိုယ်ဝန်ကိုဂရုစိုက်ပြီး စာတမ်းပြုစုရန် ပြင်ထားလေးသည်။ တစ်ခြားနိုင်ငံတွေတွင် အမျိုးသားကိုယ်ဝန်ဆောင် ပေါ်ပေါက်လာပေမယ့် သူတို့နိုင်ငံမှာတော့ ယခုမှပေါ်ပေါက်လာတာကြောင့် ဂျွန့်ကို အလွန်ဂရုစိုက်ပေးနေသည်။ မွေးဖွားရမယ့်ရက်ကိုပါ သားဖွားမီးယပ်အဖွဲ့က အစည်းအဝေးထိုင်၍ တိုင်ပင်ရန်ပြင်ထားကြသေးသည်။

"ဆရာဝန်ကြီးကို ကျွန်တော်ပြောချင်တာက စာတမ်းပြုစုချင်တာကိုလဲ နားလည်ပေးနိုင်တယ်။ ဒါပေမဲ့အခုချိန်မှာ ဂျွန့်ရဲ့ကိုယ်ဝန်ကိစ္စကို ဒီဆေးရုံကလွဲလို့ ဘယ်သူမှမ‌သိပါစေနဲ့။ အဲ့ဒီထဲမှာ ကျွန်တော့်မိဘတွေလဲ ပါတယ်နော် .."

"စိတ်ချပါကယ်ဗင် .. ဆရာတို့ကိုဒီလို စာတမ်းပြုစုခွင့်ပေးခဲ့တာကိုပဲ ကျေးဇူးတင်လှပါပြီ။ ဆေးရုံဖိုးတွေလဲ မပေးပါနဲ့ .."

"ဆေးရုံဖိုးကုန်ကျတာ ကျွန်တော်အကုန်ပေးမှာပါ အလကားမလိုပါဘူး။ ပြီးတော့ ကျွန်တော့်ကိုကျေးဇူးမတင်နဲ့ ဂျွန့်ကိုသာကျေးဇူးတင်။ ဂျွန်ကဆရာတို့ရဲ့တောင်းဆိုချက်ကို ခွင့်ပြုပေးခဲ့လို့ ကျွန်တော်ကလဲခွင့်ပြုပေးခဲ့တာ .."

"ကျေးဇူးတင်ပါတယ် ဂျွန် .. ဆရာတို့ကို စာတမ်းပြုစုခွင့်ပေးခဲ့လို့ .."

ဆရာဝန်ကြီးက ဂျွန့်ကိုပြုံး၍ကြည့်ပြီး ပြောလိုက်သည်။ ဆရာဝန်ကြီးရဲ့ မျက်နှာပေါ်ကအပြုံးတွေဟာ တကယ်စစ်မှန်တဲ့အပြုံးတွေမှန်း jamesမြင်နေရပါသည်။

ဂျွန်တို့ပြန်ခါနီးတွင် ဆရာဝန်ကြီးက သံဓာတ်အားဆေးကိုလည်း မနက်တစ်လုံး ၊ ညတစ်လုံးသောက်ရန် နှင့် ကိုယ်ဝန်ဆောင်သူတွေသောက်ရန် အားဆေးကိုပါပေးလိုက်သည်။ အားဆေးကတော့ ဂျွန်အခြေအနေနဲ့ မသောက်မဖြစ်သောက်ရမယ့်ဟု ဆရာဝန်ကြီးကပြောခဲ့သည်။

𝙰𝚒 𝚂𝚢𝚜𝚝𝚎𝚖 .{𝙾𝚗𝚐𝚘𝚒𝚗𝚐.....}Where stories live. Discover now